Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 36:12

Common Language Bible

ထို​သူ​က​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင်​တို့​ဘု​ရင် အား​သာ​လျှင် ဤ​စ​ကား​များ​ကို​ပြော​ကြား ရန် ငါ့​အား​စေ​လွှတ်​တော်​မူ​ထိုက်​သည်​ဟု​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင် ထိုင်​နေ​ကြ​သူ​တို့​အား​လည်း​ပြော​ကြား​ပါ ၏။ သူ​တို့​သည်​လည်း​သင်​တို့​နည်း​တူ​မိ​မိ တို့​၏​မ​စင်​ကို​ပြန်​၍​စား​ပြီး​လျှင် မိ​မိ တို့​ကျင်​ငယ်​ရေ​ကို​ပြန်​၍​သောက်​ရ​ကြ လိမ့်​မည်'' ဟု​ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။

ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည်​ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ ဘာ​သာ​စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့် ရှိ​ပါ၊ ထို​စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည် ပါ​သည်။ ဟေ​ဗြဲ​ဘာ​သာ​စကား​ကို​မ​ပြော ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​နား ထောင်​လျက်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။

ထို​နောက်​သူ​သည်​ထ​၍​ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-

ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။

သင်​သည်​လူ​၏​မ​စင်​ခြောက်​ဖြင့်​မီး​မွှေး​၍ ရ​သော​မီး​ကျီး​ခဲ​ပေါ်​တွင် မုန့်​ကို​ဖုတ်​ကာ လူ​မြင်​ကွင်း​၌​စား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-

သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ