ဟေရှာယ 36:11Common Language Bibleထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။ အခန်းကိုကြည့်ပါ။ |
ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။