ဟေရှာယ 19:18Common Language Bibleထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-