ဟေရှာယ 19:19Common Language Bibleထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
အီဂျစ်ပြည်အကြောင်းနှင့်ပတ်သက်၍ ကိုယ် တော်မိန့်တော်မူသည်မှာအောက်ပါအတိုင်း ဖြစ်၏။ ထာဝရဘုရားသည်ယောရှိ၏သား ယုဒဘုရင်ယောယကိမ်နန်းစံစတုတ္ထနှစ် ၌ ဥဖရတ်မြစ်အနီးကာခေမိတ်အရပ်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှိမ်နင်းလိုက် သည့်အီဂျစ်ဘုရင်ဖာရောနေခေါ်၏တပ်မ တော်ကိုရည်မှတ်၍ဗျာဒိတ်ပေးတော်မူ ၏။
ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။
ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-
အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-