Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 19:17

Common Language Bible

အီ​ဂျစ်​ပြည်​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​ထား​တော် မူ​သည့်​ကံ​ကြမ္မာ​ကို​ပြန်​လည်​သ​တိ​ရ​သည့် အ​ခါ​တိုင်း​ယု​ဒ​ပြည်​ကို​ကြောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-

ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နန်း​စံ​တစ်​ဆယ့်​လေး နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင်​သ​နာ ခ​ရိပ်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။-

စ​ပျစ်​ရည်​ခွက်​ဖ​လား​မှ​အ​မျက်​တော်​ရည် ကို​သောက်​ရ​ကြ​သည့်​အ​ခြား​သူ​များ​၏ စာ​ရင်း​မှာ၊ အီ​ဂျစ်​ဘု​ရင်​မှူး​မတ်​များ​နှင့်​ခေါင်း​ဆောင်​များ၊ အီ​ဂျစ်​အ​မျိုး​သား​များ​နှင့်​အီ​ဂျစ်​ပြည်​ရှိ လူ​မျိုး​ခြား​ရှိ​သ​မျှ၊ ဥ​ဇ​ပြည်​မင်း​အ​ပေါင်း၊ ဖိ​လိတ္တိ​ပြည်​ရှိ​အာ​ရှ​ကေ​လုန်​မြို့၊​ဂါ​ဇ​မြို့၊ ဧ​ကြုန်​မြို့​တို့​မှ​ဘု​ရင်​အ​ပေါင်း​နှင့်​အာ​ဇုတ် မြို့​သား အ​ကြွင်း​အ​ကျန်​ရှိ​သ​မျှ၊ ဧ​ဒုံ​ပြည်၊မော​ဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သား အ​ပေါင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​ဘု​ရင်​အ​ပေါင်း၊ ပင်​လယ်​ရပ်​ခြား​မြေ​ထဲ​ပင်​လယ်​ဒေ​သ​တွင် အုပ်​စိုး​သည့်​ဘု​ရင်​အ​ပေါင်း၊ ဒေ​ဒန်​မြို့၊တေ​မ​မြို့​နှင့်​ဗု​ဇ​မြို့​တို့​မှ မြို့​သူ​မြို့​သား​အ​ပေါင်း၊ န​ဖူး​ပေါ်​မှ​ဆံ​ပင်​တို​ညှပ်​သူ​မှန်​သ​မျှ၊ အာ​ရပ်​ဘု​ရင်​အ​ပေါင်း၊ သဲ​ကန္တာ​ရ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​အား အ​စိုး​ရ​သည့်​ဘု​ရင်​အ​ပေါင်း၊ ဇိ​မ​ရိ​ပြည်၊ဧ​လံ​ပြည်​နှင့်​မေ​ဒိ​ပြည်​ဘု​ရင် အ​ပေါင်း​နှင့် မြောက်​ဘက်​ရှိ​ရပ်​နီး​ရပ်​ဝေး​မှ​ဘု​ရင် အ​ပေါင်း​တို့ ဖြစ်​ကြ​၏။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ နောက်​ဆုံး​သောက်​ရ​မည့်​သူ​မှာ​ဗာ​ဗု​လုန် ဘု​ရင်​ဖြစ်​ပေ​သည်။

``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ရှေ့ တော်​၌ အ​မှု​မ​ထား​လောက်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​တို့​ကို​လည်း​ကောင်း စိုး​မိုး​အုပ်​ချုပ်​တော်​မူ​ပါ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​လို​တော်​ကို မ​ဆန့်​ကျင်​နိုင်​ပါ။ ကိုယ်​တော်​အ​ဘယ်​သို့​ပြု​တော်​မူ​သည်​ကို လည်း မ​စစ်​ဆေး​မ​မေး​မြန်း​နိုင်​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ