Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:24

Common Language Bible

သူ​သည်​သီး​သန့်​နေ​ရာ​တွင်​ရေ​ချိုး​ပြီး​နောက် မိ​မိ​၏​အ​ဝတ်​အင်္ကျီ​များ​ကို​ဝတ်​ဆင်​ရ​မည်။ ထို့​နောက်​သူ​သည်​ယဇ်​ပလ္လင်​သို့​ထွက်​သွား​၍ မိ​မိ​၏​အ​ပြစ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​အ​တွက် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``အာ​ရုန်​၏​သား​များ​ဝတ်​ဆင်​ရန်​ထည်​ဝါ​ခန့် ညား​သော​အင်္ကျီ၊ ခါး​ပန်း​နှင့်​ဦး​ထုပ်​ရှည်​များ ကို​ချုပ်​ပေး​ရ​မည်။-

ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-

ယဇ်​ပု​ရော​ဟိတ်​များ​သည်​ဗိ​မာန်​တော်​ထဲ သို့​ရောက်​ရှိ​ကြ​ပြီး​နောက်​တံ​တိုင်း​အ​ပြင် ဝင်း​သို့​ပြန်​၍​ထွက်​လို​ကြ​သော​အ​ခါ မိ​မိ တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် နေ​စဉ်​ဝတ်​ဆင်​ထား​သော​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ဝတ်​တို့​ကို ဤ​အ​ခန်း​များ​တွင်​ချွတ် ထား​ခဲ့​ရ​ကြ​၏။ သူ​တို့​သည်​လူ​တို့​စု​ဝေး ရာ​အ​ရပ်​သို့​ထွက်​ခွာ​၍​မ​သွား​မီ​အ​ဝတ် များ​ကို​လဲ​ရ​ကြ​လေ​သည်။

သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။

သူ​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။-

ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။

ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ