သူသည်ယဇ်ပလ္လင်ပေါ်တွင်အပြစ်ဖြေရာ ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်ရမည်။-
ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
တောကန္တာရထဲသို့အဇာဇယ်ကိုမောင်းနှင် သွားရသူသည် မိမိ၏အဝတ်များကိုဖွပ် လျှော်၍ရေချိုးပြီးမှ စခန်းအတွင်းသို့ ပြန်ဝင်ရမည်။-
သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
ထို့နောက်နွား၏ဝမ်းတွင်းသားများရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကိုထာ ဝရဘုရားအားပူဇော်ရမည်။-
ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။-