Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:23

Common Language Bible

ထို​နောက်​အာ​ရုန်​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​ဝင်​မီ​က ဝတ်​ဆင်​ခဲ့​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ချွတ်​ထား​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​များ​သည်​ဗိ​မာန်​တော်​ထဲ သို့​ရောက်​ရှိ​ကြ​ပြီး​နောက်​တံ​တိုင်း​အ​ပြင် ဝင်း​သို့​ပြန်​၍​ထွက်​လို​ကြ​သော​အ​ခါ မိ​မိ တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် နေ​စဉ်​ဝတ်​ဆင်​ထား​သော​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ဝတ်​တို့​ကို ဤ​အ​ခန်း​များ​တွင်​ချွတ် ထား​ခဲ့​ရ​ကြ​၏။ သူ​တို့​သည်​လူ​တို့​စု​ဝေး ရာ​အ​ရပ်​သို့​ထွက်​ခွာ​၍​မ​သွား​မီ​အ​ဝတ် များ​ကို​လဲ​ရ​ကြ​လေ​သည်။

လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။

ဤ​နည်း​အား​ဖြင့်​ဆိတ်​သည်​လူ​သူ​ကင်း​မဲ့​သော အ​ရပ်​သို့ လူ​၏​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့ ကို​သယ်​ဆောင်​သွား​လိမ့်​မည်။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။

ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။-

လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။-

ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​လူ​အ​များ ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရန်​အ​တွက် မိ​မိ​၏​ကိုယ် ကို​တစ်​ကြိမ်​တည်း​တင်​လှူ​ပူ​ဇော်​တော်​မူ​သည်။ အ​ပြစ်​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​ရန် မ​ဟုတ်​ဘဲ မိ​မိ​ကို​စောင့်​မျှော်​နေ​သူ​တို့​အား ကယ်​တင်​တော်​မူ​ရန် ကိုယ်​တော်​သည်​ဒု​တိ​ယ အ​ကြိမ်​ကြွ​လာ​တော်​မူ​ပေ​အံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ