ယေရမိ 4:20Common Language Bibleဘေးအန္တရာယ်ဆိုးသည်တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍လာ၏။ တစ်ပြည်လုံးပင်ယိုယွင်းပျက်စီး၍ကျန် ခဲ့၏။ ငါတို့၏တဲများသည်တစ်ခဏချင်း၌ဖြို ပျက်လျက် ၎င်းတို့၏ကန့်လန့်ကာတို့သည်စုတ်ပြတ်၍ သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား``သင်တို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။ သင်တို့ နှင့်အတူခဏမျှဖြစ်စေငါသည်ခရီး သွားရလျှင်၊ သင်တို့အားတစ်ယောက်မျှ မကျန်သေကျေပျက်စီးစေမည်။ ယခု ပင်လျှင်သင်တို့၏လက်ဝတ်တန်ဆာများ ကိုချွတ်လော့။ ထိုနောက်မှငါသည်သင်တို့ အားအဘယ်သို့စီရင်ရမည်ကိုဆုံးဖြတ် မည်'' ဟုမိန့်တော်မူ၏။-
ငါတို့ဘာသာရေးပွဲတော်များဆင်နွှဲရာ ဇိအုန်မြို့ကိုကြည့်ကြလော့။ ယေရုရှလင် မြို့ကိုကြည့်ကြလော့။ ထိုမြို့သည်ဘေးမဲ့လုံ ခြုံ၍အလွန်နေထိုင်ရန်ကောင်းသည့်မြို့ဖြစ် ပါသည်တကား။ ယင်းသည်ပန္နက်တိုင်များကို အဘယ်အခါ၌မျှမနုတ်ယူဘဲ အစဉ် ခိုင်ခံ့သည့်ကြိုးတို့ဖြင့်ဆွဲချည်ထားကာ၊ အဘယ်အခါ၌မျှမပြောင်းမရွှေ့ရသည့် တဲရှင်နှင့်တူလိမ့်မည်။-
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။