ယေရမိ 4:19Common Language Bibleငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
ပရောဖက်များနှင့်သက်ဆိုင်၍ဤသို့ဆို၏။ ငါ၏စိတ်နှလုံးသည်ကြေကွဲလျက်ငါ၏ အရိုးတို့သည်တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရား၏အတွက်ကြောင့်လည်း ကောင်း၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့် ဗျာဒိတ်တော်များကြောင့်လည်းကောင်း ငါသည်စပျစ်ရည်သောက်ကြူး၍ ယစ်မူးလျက်နေသူနှင့်တူတော့၏။
ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
``အို ထာဝရဘုရား၊ ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာ ဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။ လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။ အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။''
ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့် အားအင်ကုန်ခန်းလျက်နေပေသည်။ သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-