Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 4:21

Common Language Bible

ငါ​သည်​တိုက်​ပွဲ​ဆင်​နွှဲ​နေ​သည်​ကို​အ​ဘယ်​မျှ ကြာ​ကြာ တွေ့​မြင်​နေ​ရ​ပါ​မည်​နည်း။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​အ​ဘယ်​မျှ​ကြာ​ကြာ ကြား​၍ နေ​ရ​ပါ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။

နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။

ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-

အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​ကို​ဖမ်း​ဆီး​ထား ပြီး​နောက်​ယု​ဒ​ပြည်​သူ​တို့​ထံ​မှ လက်​ဆောင် ပဏ္ဏာ​အ​ဖြစ်​ဖြင့်​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ် ထောင့်​ငါး​ရာ​နှင့်​ရွှေ​ပေါင်​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ကို​တောင်း​ခံ​တော်​မူ​၏။-

ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။ တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက် ၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။

စစ်​၏​အန္တ​ရာယ်​ကို​နောက်​တစ်​ဖန်​မ​တွေ့ မ​ကြုံ​ရာ၊ စစ်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​သံ ကို​မ​ကြား​ရာ၊ မ​ငတ်​မ​မွတ်​ရာ​အီ​ဂျစ်​ပြည် သို့​ငါ​တို့​သွား​မည်' ဟု​သင်​တို့​မ​ဆို​ရ​ကြ။-

ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ