ယေဇကျေလ 46:2Common Language Bibleနန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။- အခန်းကိုကြည့်ပါ။ |
တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။