Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 46:1

Common Language Bible

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။

သင်​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို​လုပ် လော့။-

``လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​ဥ​ပုသ်​နေ့​ကျ ရောက်​သည့်​အ​ခါ​တိုင်း လူ​မျိုး​တ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​၍​ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်။-

သူ​ဝင်​လာ​သော​အ​ခါ​သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​၏​တောင်​ဘက်​တွင်​ရပ်​နေ​ကြ​၏။ ဗိမာန် တော်​အ​တွင်း​တံ​တိုင်း​သည်​လည်း​မိုး​တိမ် ဖြင့်​ပြည့်​၏။-

ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ရောက်​နိုင်​သော မြေ​မျက်​နှာ​ပြင်​မြင့်​သည့်​နေ​ရာ​တွင်​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​လူ​သည်​အ​တွင်း​မုခ်​ဦး​ပေါက်​နှင့်​အ​ပြင်​မုခ်​ဦး​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ တစ်​ရာ​ခြောက်​ဆယ့်​ရှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။

ထို​လူ​သည်​ငါ့​အား​အ​ရှေ့​ဘက်​သို့​မျက် နှာ​မူ​နေ​သည့်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား ၏။-

``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။-

လ​ဆန်း​နေ့​၌​သူ​သည်​အပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​သိုး​ပျို​တစ်​ကောင်၊ သိုး​ငယ် ခြောက်​ကောင်​နှင့်​အ​တူ သိုး​ထီး​တစ်​ကောင် ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​ဖြစ်​မုန့်​ညက်​တင်း​ဝက်​နှင့်​နွား​သိုး​ပျို တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တင်း ဝက်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ သိုး​ငယ်​များ​နှင့်​အ​တူ​မိ​မိ​ပေး​လှူ​လို သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး ဆယ်​သား​ကို​ပေး​လှူ​ရ​မည်။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ​အ​နီး​ယဇ်​ပလ္လင်​နှင့်​ဆင်​ဝင်​စပ်​ကြား​၌ လူ​နှစ်​ဆယ့်​ငါး​ယောက်​ခန့်​ရှိ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ကျော​ခိုင်း​လျက်​အ​ရှေ့​ဘက်​သို့​မျက်​နှာ​မူ​လျက် ထွက်​ပြူ​လာ​သော​နေ​မင်း​အား​ရှိ​ခိုး​နေ​ကြ​၏။

ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ