ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။-
ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။
အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
ထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။-
ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-