ယေဇကျေလ 32:9Common Language Bible``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-