ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်
နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
မောရှေသည်မိမိလက်ကိုကောင်းကင်သို့ဆန့် သဖြင့် အီဂျစ်ပြည်တစ်လျှောက်လုံးတွင်သုံး ရက်မျှမှောင်အတိလွှမ်းလေ၏။-
အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။
နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။
ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
နေလနက္ခတ်တို့သည်မြေသို့ကြွေကျလိမ့်မည်။ မိုးကောင်းကင်သည်လိပ်၍တင်လိုက်သည့်စာ လိပ်သဖွယ်ပျောက်ကွယ်သွားကာ ကြယ်တို့ သည်စပျစ်ပင်သို့မဟုတ်သင်္ဘောသဖန်းပင် မှအရွက်ကြွေသကဲ့သို့ကြွေကျကြလိမ့် မည်။
သူတို့ချဉ်းကပ်လာချိန်၌မြေငလျင်လှုပ် လေ၏။ မိုးကောင်းကင်သည်လည်းတသိမ့်သိမ့်တုန်၍ သွားလေ၏။ နေနှင့်လသည်မှောင်မိုက်လျက်နေကာကြယ် တာရာ များသည်လည်းမထွန်းမလင်းကြတော့ချေ။
ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-