ယေဇကျေလ 32:10Common Language Bibleသင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။