Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 20:9

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​သုံး​မြို့၊ ခါ​နာန် ပြည်​ထဲ​တွင်​သုံး​မြို့၊ စု​စု​ပေါင်း​ခြောက်​မြို့​ကို ရွေး​ချယ်​လော့။-

ထို​မြို့​များ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​များ အ​တွက်​လည်း​ကောင်း၊ အ​မြဲ​ဖြစ်​စေ၊ ခေတ္တ​ဖြစ် စေ​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​အ​တွက် လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​ဖြစ်​ရ​မည်။ ကြို တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး​အား သတ်​မိ​သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ထွက်​ပြေး​ခို​လှုံ​နိုင်​သည်။

သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့​မြို့​သို့ ထွက်​ပြေး​၍ မြို့​တံ​ခါး​ဝ​တွင်​ရှိ​သော​တ​ရား စီ​ရင်​ရာ​ဌာ​န​သို့​သွား​ပြီး​လျှင် မြို့​၏​အ​ကြီး အ​ကဲ​တို့​အား​ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ရှင်း​ပြ ရ​မည်။ ထို​နောက်​အ​ကြီး​အ​ကဲ​တို့​က ထို​သူ အား​မြို့​တွင်း​သို့​ဝင်​ခွင့်​ပြု​၍​သူ​နေ​ထိုင် ရန်​နေ​ရာ​ချ​ပေး​ရ​မည်။-

သူ​သည်​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ပြီး​သည်​အ​ထိ​ထို​မြို့​တွင်​နေ​ရ မည်။ အ​ချင်း​ဖြစ်​ပွား​စဉ်​အ​ချိန်​က​ယဇ်​ပု​ရော ဟိတ်​မင်း​ဖြစ်​သူ​အ​နိစ္စ​ရောက်​ပြီး​နောက်​မှ​သူ သည်​ထွက်​ပြေး​ခဲ့​သော​မိ​မိ​နေ​ရင်း​မြို့​သို့​ပြန် နိုင်​သည်'' ဟု​မိန့်​တော်​မူ​၏။

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ