Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 21:1

Common Language Bible

လေဝိ​အ​နွယ်​မိ​သား​စု​ခေါင်း​ဆောင်​တို့​သည် ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​နေ​ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​အ​ပေါင်း​တို့​၏​မိ​သား​စု​အ​ကြီး​အ​ကဲ တို့​ထံ​သို့​ချဉ်း​ကပ်​၍``ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​မြို့​များ​နှင့်​အ​ကျွန်ုပ် တို့​၏​သိုး​နွား​များ​အ​တွက် ယင်း​မြို့​များ​ပတ် ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ်​မှတ်​ပေး ရ​မည်​ဟူ​၍ မော​ရှေ​မှ​တစ်​ဆင့်​မိန့်​မှာ​တော် မူ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။ မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-

အာ​ရုန်​၏​သား​ဧ​လ​ဇာ​သည်​ပု​တျေ​လ​၏ သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်​၍ သူ​သည်​သား ဖိ​န​ဟတ်​ကို​ဖွား​မြင်​၏။ ဤ​သူ​တို့​သည်​လေ​ဝိ မိ​သား​စု​နှင့်​အ​ဆက်​အ​နွယ်​များ​၏​အ​ကြီး အ​ကဲ​များ​ဖြစ်​ကြ​သ​တည်း။

ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊-

ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။-

သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏ သား​ယော​ရှု​နှင့်​ခေါင်း​ဆောင်​တို့​ထံ​သို့​ချဉ်း ကပ်​၍``ကျွန်​မ​တို့​အား​လည်း​ကောင်း၊ ကျွန်​မ တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​သူ​အ​မျိုး​သား တို့​အား​လည်း​ကောင်း ပိုင်​ဆိုင်​ရန်​မြေ​ပေး​ရ မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို မိန့်​မှာ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ် သူ​အ​မျိုး​သား​များ​နည်း​တူ​မြေ​ကို​ရ​ရှိ ကြ​သည်။-

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​မိ​သား​စု​တို့​၏ အ​ကြီး​အ​ကဲ​တို့​သည်​ရှိ​လော​မြို့​တွင်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ နယ်​မြေ​များ​ကို​မဲ​ချ ပြီး​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​နှင့်​အ​ညီ ခွဲ​ဝေ​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ပြည် ကို​ခွဲ​ဝေ​ပေး​သည့်​အ​မှု​ပြီး​ဆုံး​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ