Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 20:8

Common Language Bible

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​နှင့်​ရှု​ရိ​ဘု​ရင် ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ကြ​သော​အ​ခါ အာ​ခ​ဇိ က​ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​ခိုက်​လေ​သည်။ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​တွင် တိုက်​ပွဲ​ဖြစ်​ပွား​ရာ ယော​ရံ​သည်​ဒဏ်​ရာ​များ​ရ​ရှိ​သ​ဖြင့်၊-

ရု​ဗင်​နယ်​မှ​ယေ​ရိ​ခေါ​မြို့​၏​အ​လွန်​ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ကမ်း၊ ယာ​ဇ​ကုန်း​ပြင်​မြင့်​ပေါ် ရှိ​ဗေ​ဇာ​မြို့၊-

ဂဒ်​နယ်​မှ​ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့၊ မ​ဟာ​နိမ်​မြို့၊

ငါ​တို့​သည်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော မြေ​ပြန့်​ရှိ​မြို့​များ​ကို​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​သာ​လ​က​မြို့​နှင့် ဧဒြိ​မြို့​များ​အ​ထိ​ကျယ် ပြန့်​သော​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​အား​လုံး ကို​လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။''

ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။

ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။

လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​တို့ သည်​အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ်​မြို့ ကို​ရ​ရှိ​ကြ​၏။ ၎င်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ဗာ​ရှန်​ပြည်​ရှိ ဂေါ​လန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) နှင့်​ဗေ​ရှ တေ​ရ​မြို့​တို့​ဖြစ်​သည်။-

သူ​တို့​သည်​ရုဗင်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဗေ​ဇာ​မြို့၊ ယ​ဟာ​ဇာ​မြို့၊-

သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ