တရားဟော 8:7Common Language Bibleသင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။- အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။