တရားဟော 8:8Common Language Bibleထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''