သို့ဖြစ်၍သင်တို့အား ထာဝရဘုရားမိန့်တော် မူသည်အတိုင်းနာခံလော့။ ပညတ်တော်များ ကိုလိုက်နာ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။-
သို့မှသာလျှင်ကိုယ်တော်၏လူမျိုးတော်သည် ဘိုးဘေးတို့အားပေးသနားတော်မူသည့် ပြည်တော်တွင် နေထိုင်သမျှကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြပါလိမ့် မည်။''
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။
သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
ဖခင်သည်မိမိ၏သားသမီးများကိုအပြစ် ဒဏ်ပေးဆုံးမသကဲ့သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အားဆုံးမသည် ကိုသိမှတ်ကြလော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။-
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-