Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 31:12

Common Language Bible

ယောကျာ်း၊ မိန်း​မ၊ က​လေး၊ သင်​တို့​မြို့​များ တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​မှ​စ​၍ လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​သ​ဖြင့်​သူ​တို့ သည် ထို​ပ​ညတ်​တ​ရား​တော်​ကို​ကြား​ရ​၍ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​လျက် တ​ရား​တော်​ကို​တ​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။-

ထို့​ကြောင့်​သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သော အ​ရာ​ရှိ​သ​မျှ​ကို တဲ​တော်​အ​ရှေ့​သို့​ယူ ဆောင်​ခဲ့​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​စု​ဝေး​ရောက်​ရှိ​လာ​ကြ​၏။-

ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။-

ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။-

``ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထုတ်​ဖော်​မ​ပြ​သော​အ​ကြောင်း​အ​ရာ​များ ရှိ​၏။ သို့​ရာ​တွင်​ငါ​တို့​အား​ထုတ်​ဖော်​ပြ သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား ပ​ညတ် တ​ရား​တော်​ဖြစ်​သ​တည်း။ ငါ​တို့​နှင့်​ငါ တို့​၏​နောင်​လာ​နောင်​သား​တို့​သည် ထို ပ​ညတ်​တ​ရား​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​ထိန်း​ရ​ကြ​မည်။

သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။

ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တ​ရား​တော်​ကို​မ​ကြား​ဘူး​သော သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည်​ကြား​ရ​လိမ့်​မည်။ သို့ မှ​သာ​သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​သိမ်း​ယူ​မည့်​ပြည်​တွင်​နေ​ထိုင်​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လာ​တတ်​ကြ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

သိ​နာ​တောင်​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင်​တို့​ရောက်​ရှိ နေ​ကြ​စဉ်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​လော့။ ငါ​မိန့်​မှာ တော်​မူ​သ​မျှ​ကို​ကြား​နာ​စေ​လော့။ သို့​မှ သာ​သူ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်။ သူ​တို့​သွန် သင်​သ​ဖြင့်​သူ​တို့​၏​သား​သ​မီး​များ​လည်း ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်' ဟူ​၍​ငါ့​အား မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကို သင်​တို့​၏ သား​မြေး​တို့​အား​သွန်​သင်​လော့။''

ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-

ယော​ရှု​သည်​အ​မျိုး​သ​မီး​နှင့်​က​လေး​များ၊ သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား များ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အမျိုး​သား အ​ပေါင်း​တို့​ရှေ့​၌​မော​ရှေ​ပေး​သော​ပညတ် ရှိ​သ​မျှ​ကို​ဖတ်​ရွတ်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ