တရားဟော 31:11Common Language Bibleဣသရေလအမျိုးသားတို့သည် တစ်ခုတည်း သောကိုးကွယ်ရာဌာနသို့ရောက်ရှိလာကြ သောအခါ ဤပညတ်တရားတော်ကိုဖတ်ပြ ရမည်။- အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-