တရားဟော 31:13Common Language Bibleဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါရှာလသေလ၏သားဇေရုဗ ဗေလ၊ ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏ သားယောရှုနှင့်ကျန်ကြွင်းသောပြည်သူ အပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရားမိန့်မှာစေခိုင်းတော်မူသည့် အမှုတို့ကိုပြုကြ၏။ သူတို့သည်ကြောက် လန့်သဖြင့် ထာဝရဘုရား၏စေလွှတ် တော်မူသောတမန်တော်ပရောဖက်ဟ္ဂဲ ပြောဆိုသည့်စကားကိုနားထောင်ကြ၏။-
ထာဝရဘုရားကိုသင်တို့ကိုယ်တိုင်ထိတွေ့ သိမြင်ခဲ့ရသဖြင့် ကိုယ်တော်၏အကြောင်း ကိုသိရပြီဖြစ်ကြောင်းယနေ့သိမှတ်ကြ လော့။ သင်တို့သာလျှင်ထိုသို့တွေ့ကြုံခံစား ခဲ့ရကြသည်။ သင်တို့၏သားသမီးများ မူကား ထိုအတွေ့အကြုံကိုမခံစားခဲ့ရ ကြ။ ထာဝရဘုရား၏ကြီးမြတ်တော်မူ ခြင်းဘုန်းတန်ခိုးတော်နှင့်၊-
သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''