Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:35

Common Language Bible

ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။

ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက်​သ​ဖြင့်``သင်​တို့ စိတ်​အေး​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​မည့်​ပြည်​ကို သင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ဝင်​ရ​ကြ'' ဟု​ကျိန်​ဆို​၏။

သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-

သို့​ဖြစ်​စေ​ကာ​မူ​ထို​သူ​တို့​အ​နက်​လူ​အ​များ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ။ ထို့ ကြောင့်​သူ​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ကြေ ပျက်​စီး​ကြ​၏။

သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ​ဇေ​ရက်​မြစ်​ကို​ကူး သည်​အ​ထိ နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ်​ကြာ​ခဲ့ သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထို​လူ​မျိုး​ဆက်​မှ​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​ကွယ်​လွန်​ကြ​လေ​ပြီ။-

ငါ​တို့​သည်​အ​စ​က​ကဲ့​သို့​အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​နှင့်​အ​တူ​တွဲ​ဖက်​လုပ်​ဆောင်​သူ များ​ဖြစ်​ကြ​၏။

ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ