Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:36

Common Language Bible

ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​မှီ​တွယ် ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်​သည်​လည်း ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား တော်​မူ​ပါ​၏။

သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။

သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။

ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။

ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အ​နွယ် ခေါင်း​ဆောင် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ရှိ​မောင် အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ ဗ​င်္ယာ​မိန် ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ် ဒန် ယော​ဂ​လိ​၏​သား​ဗုက္ကိ မ​နာ​ရှေ ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ ဧ​ဖ​ရိမ် ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ ဇာ​ဗု​လုန် ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန် ဣသ​ခါ အဇ္ဇန်​၏​သား ပါ​လ​တေ​လ အာ​ရှာ ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ် န​ဿ​လိ အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ

ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ