``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
မိမိ၏လူစုတော်ယင်းသို့ပြုကြသည်ကို တွေ့မြင်တော်မူသောအခါ ကိုယ်တော်သည်အမျက်ထွက်လျက်သူတို့အား လုံးလုံးစွန့်ပစ်တော်မူ၏။
ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
သို့ဖြစ်၍အသာယာဆုံးသောပြည်၊ နို့နှင့် ပျားရည်စီးနေသောပြည်တည်းဟူသော ငါပေးအပ်ခဲ့သည့်ပြည်သို့ သူတို့အားပို့ ဆောင်တော့မည်မဟုတ်ဟုငါသည်တော ကန္တာရတွင်ကျိန်ဆိုခဲ့၏။-
ဘိုးဘေးတို့၏ဒုစရိုက်မျိုးကိုကူးလွန် သောအားဖြင့် ယခုသင်တို့သည်ဒုစရိုက် ပြုသောမျိုးဆက်သစ်ဖြစ်လာကြ၏။ သို့ ဖြစ်၍သင်တို့သည်ထာဝရဘုရား၏ပြင်း ထန်သောအမျက်တော်ကို ဣသရေလ အမျိုးသားတို့အပေါ်သို့တစ်ဖန်ကျ ရောက်စေရန်ပြုကျင့်နေကြပါသည် တကား။-
``သူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိရန် ပြည်တော်သို့ဝင်ခွင့်ကို အဘယ်အခါ၌မျှ ငါပေးလိမ့်မည်မဟုတ်'' ဟုအဘယ်သူတို့ ကိုရည်ညွှန်း၍ဘုရားသခင်ကျိန်ဆိုတော် မူပါသနည်း။ ကိုယ်တော်၏စကားကိုနား မထောင်သူများကိုရည်ညွှန်းခြင်းပင် မဟုတ်လော။-