Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 22:4

Common Language Bible

ထို့​ကြောင့်​သူ​တို့​သည်​မိ​ဒျန်​ပြည်​အ​မျိုး​သား ခေါင်း​ဆောင်​တို့​အား``နွား​သည်​စား​ကျက်​ရှိ​မြက် ကို​ကုန်​စင်​အောင်​စား​သ​ကဲ့​သို့​ဤ​လူ​အုပ်​ကြီး သည် ငါ​တို့​ပတ်​ဝန်း​ကျင်​၌​ရှိ​သ​မျှ​ကို​ဖျက်​ဆီး ပစ်​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ဗာ​လက် ဘု​ရင်​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-

ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။

မော​ဘ​ပြည်​အိမ်​ခေါင်​မိုး​မှန်​သ​မျှ​တို့​အ​ပေါ် ၌​လည်း​ကောင်း၊ လူ​ထု​စည်း​ဝေး​ရာ​မြေ​ကွက် လပ်​မှန်​သ​မျှ​တို့​၌​လည်း​ကောင်း​ငို​ကြွေး​မြည် တမ်း​မှု​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု အ​ရာ​မျှ​မ​တွေ့​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​သုံး​မ​ဝင်​တော့​သည့်​အိုး ကို​ခွဲ​သ​ကဲ့​သို့ မော​ဘ​ပြည်​ကို​ခွဲ​လိုက်​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၏။-

မော​ဘ​ပြည်​ဘု​ရင်၊ ဇိ​ဖော်​၏​သား​ဗာ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လူ​အင်​အား များ​ပြား​ကြောင်း​ကို​လည်း​ကောင်း၊ ထို​ဣ​သ ရေ​လ​လူ​တို့​သည် အာ​မော​ရိ​လူ​တို့​ကို​မည် ကဲ့​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း​ကြား သိ​ရ​သော​အ​ခါ၊-

ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား​နှင့်​မိ​ဒျန် အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် ခြေ​ကြွ​ခ ငွေ​ကို​ယူ​ဆောင်​၍ ဗာ​လမ်​ထံ​သို့​သွား​ပြီး လျှင်​ဗာ​လက်​၏​လျှောက်​ထား​ချက်​ကို တင်​ပြ​ကြ​လေ​သည်။-

ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။

သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ