Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 22:3

Common Language Bible

သူ​နှင့်​တ​ကွ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့ သည် ထိတ်​လန့်​ကြောက်​ရွံ့​လာ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ပ​ညတ်​ရ​ခြင်း​မှာ​အမ္မုန်​နှင့်​မော​ဘ ပြည်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​၌ အ​စာ​ရေ​စာ​ကို​မ​ပေး​ဘဲ​နေ​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ထို​ပြင်​ဗာ​လမ်​ကို​ငှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကျိန်​ဆဲ စေ​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​ဘု​ရား​သ​ခင် သည်​ထို​ကျိန်​ဆဲ​သော​စ​ကား​ကို​ကောင်း​ချီး ပေး​သော​စ​ကား​ဖြစ်​စေ​တော်​မူ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။

သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။-

ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။

``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

တု​ရု​မြို့​ပျက်​စီး​သွား​သည့်​သ​တင်း​ကို ကြား​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့ ပင်​လန့်​ဖျပ်​သွား​ကြ​ကုန်​၏။

ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။

ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​တစ်​ပြည်​လုံး​ကို သင်​တို့​အား​ပေး​မည်​ဟူ​၍​လည်း​ကောင်း၊ ပြည် သူ​ပြည်​သား​အား​လုံး​တို့​ကို​သတ်​ဖြတ်​သုတ် သင်​ရ​မည်​ဟူ​၍​လည်း​ကောင်း မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​သ​ဖြင့် သေ​ဘေး​ကို​ကြောက်​ရွံ့ သော​ကြောင့်​ထို​ကဲ့​သို့​ပြု​မိ​ပါ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ