တောလည် 22:5Common Language Bibleအမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။- အခန်းကိုကြည့်ပါ။ |
ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။