တမန်တော်ဝတ္ထု 23:1Common Language Bibleပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-