ယဇ်ပုရောဟိတ်မင်းအာနနိသည်လည်း အနီးတွင်ရပ်နေသူများအား ပေါလု၏နှုတ် ကိုအရိုက်ခိုင်းလေ၏။-
ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
ထိုအခါပရောဖက်ဇေဒကိသည်မိက္ခာအနီး သို့ချဉ်းကပ်၍ပါးကိုရိုက်လျက်``ထာဝရဘုရား ၏ဝိညာဉ်တော်သည်သင့်အားမိန့်မြွက်တော်မူရန် ဘယ်အချိန်တွင်ငါ့ထံမှထွက်ခွာသွားတော် မူပါသနည်း'' ဟုမေး၏။
သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။
ငါ့အားရိုက်နှက်ပြီးလျှင်ဗိမာန်တော်အတွင်း ဗင်္ယာမိန်အထက်တံခါးအနီးတွင် သံကြိုး များဖြင့်ချည်နှောင်၍ထား၏။-
``ယေရုရှလင်မြို့သားတို့၊ သင်တို့၏တပ်များ ကိုစုရုံးစေကြလော့၊ ငါတို့ကိုရန်သူများ ဝိုင်းထားကြပြီ။ သူတို့သည်ဣသရေလ အမျိုးသားတို့၏ခေါင်းဆောင်များကို သုတ်သင်ပယ်ရှင်းပစ်ရန်ကြိုးစားကြ၏။
ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
ဤသို့မိန့်တော်မူလျှင်အစောင့်တပ်သားတစ် ယောက်သည် ``ယဇ်ပုရောဟိတ်မင်းအားသင်သည် ဤသို့မဖွယ်မရာပြောဆိုသင့်သလော'' ဟု ဆို၍ကိုယ်တော်၏ပါးကိုရိုက်လေ၏။
သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။
နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-