Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 22:30

Common Language Bible

တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-

ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။

သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။-

သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​သို့​ရောက်​၍ ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည် နှောင်​ထား​ရန်​အ​မိန့်​ပေး​၏။ ပေါ​လု​ကား​မည် သူ​ဖြစ်​ကြောင်း၊ မည်​သည့်​ပြစ်​မှု​ကို​ကူး​လွန် ကြောင်း​ကို​မေး​မြန်း​၏။-

အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။

ပေါ​လု​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် များ​ကို​စေ့​စေ့​ကြည့်​လျက် ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ယ​နေ့​တိုင်​အောင်​တစ်​သက်​လုံး ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​နေ​ထိုင်​ပြု​ကျင့်​ခဲ့​ပါ​၏'' ဟု​ပြော​၏။-

သို့​ဖြစ်​၍​အ​ရှင်​တို့​နှင့်​တ​ရား​လွှတ်​တော်​အ​ဖွဲ့ ဝင်​တို့​သည် ပေါ​လု​၏​အ​မှု​ကို​ပို​မို​သေ​ချာ စွာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန်​ပြု​လျက် ရော​မ​တပ် မှူး​အား​သူ့​ကို​အ​ရှင်​တို့​ထံ​သို့​ခေါ်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ​ပါ။ အ​ရှင်​တို့​ထံ​သို့​မ​ရောက် မီ​ပင် သူ့​ကို​သတ်​ရန်​အ​ကျွန်ုပ်​တို့​အ​သင့် စောင့်​နေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-

အ​ကျွန်ုပ်​သည်​သူ့​အား​ယု​ဒ​အ​မျိုး​သား​တို့ အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​ကြောင်း​ကို​သိ​လို သ​ဖြင့် သူ​တို့​၏​တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင် သွား​ပါ​၏။-

သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။

ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။

တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​အ​ပေါင်း​ဖော်​တို့ သည် တ​ရား​လွှတ်​တော်​အ​စည်း​အ​ဝေး​ကို​ပြု လုပ်​ရန် အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၏။ ထို​နောက်​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ လွှတ်​တော်​ရဲ​များ​ကို​အ​ကျဉ်း ထောင်​သို့​စေ​လွှတ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ