အို ထာဝရဘုရား၊ သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။ သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
လိမ်လည်ခြိမ်းခြောက်သည့်ရန်သူများ၏လက်တွင် ကျွန်တော်မျိုးကိုစွန့်ပစ်၍ထားတော်မမူပါနှင့်။
သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့် ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။'