အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
ထိုနောက်မင်းကြီးသည်ထိုသူတို့၏နယ် မြေတွင်စစ်စခန်းများကိုတည်ဆောက် ထားသဖြင့် သူတို့သည်မင်းကြီး၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်ရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်သွားရောက် လေရာအရပ်ရပ်၌အောင်ပွဲကိုခံစေ တော်မူ၏။-
ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
ကျွန်တော်မျိုး၏နေ့ရက်ကာလများသည် လက်တော်ထဲ၌ရှိပါ၏။ ကျွန်တော်မျိုးအားရန်သူများနှင့် နှိပ်စက်ညှဉ်းဆဲသူတို့၏လက်မှကယ်တော် မူပါ။
ကျွန်တော်မျိုး၏ဘက်မှခုခံကာကွယ်တော် မူသော အရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကျွန်တော်မျိုးခိုလှုံရာကားကျွန်တော်မျိုးကို ချစ်တော်မူသောဘုရားသခင်ပေတည်း။
ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
ငါ၏ကယ်တင်ခြင်းနှင့်ဂုဏ်အသရေသည် ဘုရားသခင်အပေါ်တွင်တည်ပါ၏။ ကိုယ်တော်သာတန်ခိုးကြီးသည့်ကာကွယ်သော ကျောက်တောင်ဖြစ်တော်မူ၏။ ငါခိုလှုံရာကားဘုရားသခင်ပေတည်း။
သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
လာကြ၊ထာဝရဘုရားအားထောမနာပြု ကြကုန်အံ့။ ငါတို့ခိုလှုံရာဘုရားသခင်၏ဂုဏ်တော်ကို ဝမ်းမြောက်စွာသီချင်းဆိုကြကုန်အံ့။
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။