Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 140:6

Common Language Bible

``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ပန်​ကြား လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၏။ ကိုယ်​တော်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ထောင်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​တောင်း​လျှောက် သံ​ကို နား​ထောင်​တော်​မူ​ပါ။

ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး အ​သ​နား​ခံ​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။

``ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ကောင်း​ကျိုး​ချမ်း​သာ ဟူ​သ​မျှ​သည် ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​များ ဖြစ်​ပါ​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ငါ​လျှောက်​ထား​၏။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။

``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​၍​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​နိုင်​လိမ့်​မည်။

သူ​တို့​၏​အိမ်​ရာ​များ​ကို​တိုက်​ခိုက်​လု​ယက် ရန်​ရုန်း​ရင်း​ဆန်​ခတ်​လူ​အုပ်​အား​အ​မှတ်​မ ထင်​စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​ကြောက် လန့်​တုန်​လှုပ်​လျက်​ဟစ်​အော်​ရ​ကြ​ပါ​စေ သော။ သူ​တို့​သည်​ကျွန်​တော်​မျိုး​လိမ့်​ကျ​စေ ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်ုပ်​အ​တွက် ထောင်​ချောက်​ကို​ဆင်​ကြ​ပါ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။

``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ