Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 140:9

Common Language Bible

ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။

သို့​ဖြစ်​၍​ဟာ​မန်​သည်​မော်​ဒ​ကဲ​အ​တွက် မိ​မိ​စိုက်​ထူ​ထား​သည့်​လည်​ဆွဲ​တိုင်​၌​ပင် ကွပ်​မျက်​ခြင်း​ခံ​ရ​လေ​တော့​၏။ ထို​နောက် မှ​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ​သွား လေ​သည်။

သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင် ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​မ​ကောင်း​မှု​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​၏။ မိ​မိ​တို့​ပြု​သည့်​အ​ကြမ်း​ဖက်​မှု​ကြောင့်​ဒဏ်​ရာ​ရ​ကြ​၏။

ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ယုတ်​မာ​မှု​များ အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​ပြစ်​များ​အ​တွက်​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။

တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။

စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။

မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။

လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။

သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ