Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 27:40

Common Language Bible

သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊ သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။

စေ​တ​မန်​တို့​သည်​ယာ​ကုပ်​ထံ​သို့​ပြန်​ရောက် လာ​၍ ``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစ်​ကို ဧ​သော​ထံ​သို့​ရောက်​ခဲ့​ပါ​သည်။ သူ​သည်​လည်း ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန်​လာ​နေ​ပါ​ပြီ။ သူ့ ထံ​၌​လူ​အင်​အား​လေး​ရာ​ရှိ​ပါ​သည်'' ဟု ပြန်​ကြား​ကြ​သည်။-

ထို​အ​ခါ​ဧ​သော​က``ငါ့​ညီ၊ ငါ​၌​ဥစ္စာ​အ​လုံ အ​လောက်​ရှိ​၏။ သင့်​ပစ္စည်း​ကို​ပြန်​ယူ​ပါ'' ဟု ဆို​လေ​၏။

သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​စစ် စ​ခန်း​များ​တည်​ဆောက်​ထား​သ​ဖြင့် ထို​ပြည် သား​တို့​သည်​သူ​၏​လက်​အောက်​ခံ​ဖြစ်​လာ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား စစ်​ချီ​သွား​လေ​ရာ​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။

အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ ပြည်​သား​တို့​ကို​အ​နိုင်​ရ​သ​ဖြင့်​စိတ်​နေ​မြင့် လျက်​နေ​၏။ မိ​မိ​ရ​ရှိ​ထား​သည့်​ကျော်​စော​ကိတ္တိ ဖြင့်​ပင်​ကျေ​နပ်​ရောင့်​ရဲ​စွာ သင်​၏​နန်း​တော်​တွင် စံ​မြန်း​ပါ​လော့။ သင်​သည်​မိ​မိ​နှင့်​ပြည်​သူ​တို့ အား​ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး​ဒုက္ခ​ကို အ​ဘယ်​ကြောင့်​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန် စာ​ရေး​၍​ပေး​ပို့​လိုက်​၏။

အာ​မ​ဇိ​သည်​ပင်​လယ်​သေ​၏​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​တွင် ဧ​ဒုံ​စစ်​သည်​တစ်​သောင်း ကို​သုတ်​သင်​တော်​မူ​၏။ သူ​သည်​သေ​လ​မြို့ ကို​သိမ်း​ယူ​ပြီး​လျှင် မြို့​၏​နာ​မည်​ကို​ပြောင်း သ​ဖြင့် ယု​ဿေ​လ​မြို့​ဟု​ယ​နေ့​တိုင်​အောင် ခေါ်​တွင်​သ​တည်း။

ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။-

ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-

သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​ခွက်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်​ကို​ငါ​၏​ဖိ​နပ်​ချွတ်​အ​ဖြစ်​ဖြင့် လည်း​ကောင်း အ​သုံး​ပြု​မည်။ ဖိ​လိတ္တိ​ပြည်​သည်​ငါ့​ကို​အ​နိုင်​ရ​၍​အောင်​သံ ဖြင့် ကြွေး​ကြော်​နိုင်​မည်​ဟု​ထင်​မှတ်​သ​လော'' ဟု မိန့်​တော်​မူ​၏။

``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ