ကမ္ဘာဦး 27:41Common Language Bibleယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။ အခန်းကိုကြည့်ပါ။ |
သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-