ထိုအခါဣဇာက်က၊ ``သင့်လယ်များသည်မြေသြဇာမရှိ၊မိုး ကောင်းကင်မှ နှင်းကိုလည်းမရနိုင်။
ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-
ဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။-
ထိုအခါဧသောက``ငါ့ညီ၊ ငါ၌ဥစ္စာအလုံ အလောက်ရှိ၏။ သင့်ပစ္စည်းကိုပြန်ယူပါ'' ဟု ဆိုလေ၏။
ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``ထာဝရဘုရားသည်သူတို့၏နယ်မြေပေါ်တွင် မိုးရွာစေရန်လည်းကောင်း၊ မြေအောက်မှရေထွက်စေရန်လည်းကောင်း ကူမတော်မူပါစေသော။
သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။
ဣဇာက်သည်ယုံကြည်ခြင်းအားဖြင့်အနာဂတ် ကာလကိုရည်မှန်း၍ယာကုပ်နှင့်ဧသောအား ကောင်းချီးပေး၏။
ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။-