ကမ္ဘာဦး 24:13Common Language Bibleအကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။- အခန်းကိုကြည့်ပါ။ |
သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။