Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:14

Common Language Bible

သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​ယောက်​အား`သင်​၏ ရေ​ခ​ရား​မှ​ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ စေ' ဟု​ဆို​ပါ​မည်။ အ​ကယ်​၍​ထို​အ​မျိုး​သ​မီး က`သောက်​ပါ။ သင်​၏​ကု​လား​အုတ်​တို့​အ​တွက် လည်း​ရေ​ခပ်​ပေး​ပါ​မည်' ဟု​ဆို​လျှင် ထို​အ​မျိုး သ​မီး​သည်​ကိုယ်​တော်​၏​ကျွန်​ဣ​ဇာက်​အ​တွက် ကိုယ်​တော်​ရွေး​ချယ်​ထား​သူ​ဖြစ်​ပါ​စေ​သော။ အ​ကျွန်ုပ်​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​ခဲ့ လျှင်​အ​ကျွန်ုပ်​၏​သ​ခင်​အား​ထား​တော်​မူ သော​က​တိ​တော်​အ​တိုင်း ကိုယ်​တော်​ပြု​တော် မူ​ကြောင်း​အ​ကျွန်ုပ်​သိ​ရ​ပါ​မည်'' ဟု​ဆု တောင်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။

အ​ကျွန်ုပ်​သည်​မြို့​တွင်း​မှ​မိန်း​မ​ပျို​များ​ရေ ခပ်​လာ​မည့်​ရေ​တွင်း​နား​သို့​ရောက်​ရှိ​နေ​ပါ​၏။-

သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-

မိန်း​မ​ပျို​က``အ​ရှင်​သောက်​ပါ'' ဟု​ဆို​၍​ပ​ခုံး ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန်​ချ​လျက်​သူ့ အား​ပေး​လေ​သည်။-

သူ့​အား​ရေ​တိုက်​ပြီး​သော​အ​ခါ​မိန်းမ​ပျို​က``သင် ၏​ကု​လား​အုတ်​များ​ရေ​ဝ​အောင်​သောက်​နိုင်​ရန် ကျွန်​မ​ရေ​ခပ်​ပေး​ပါ​ဦး​မည်'' ဟု​ဆို​လေ​သည်။-

ယ​ခု​ရေ​တွင်း​သို့​ရောက်​ရှိ​ပါ​ပြီ။ မိန်းမ​ပျို​တစ် ဦး​ရေ​ခပ်​လာ​သော​အ​ခါ​သူ့​အား`ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ' ဟု​တောင်း​ပါ​မည်။-

အ​ကယ်​၍​သူ​က`သောက်​ပါ။ သင်​၏​ကု​လား​အုတ် များ​အ​တွက်​ရေ​ကို​ခပ်​ပေး​ပါ​ဦး​မည်' ဟု​ဆို လျှင်​ထို​မိန်း​မ​ပျို​သည်​အ​ကျွန်ုပ်​သ​ခင်​၏​သား အ​တွက်​ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​မ​ယား ဖြစ်​ပါ​စေ​သော' ဟု​ဆု​တောင်း​ပါ​သည်။-

ယွာ​ဘ​သည်​အာ​မ​သ​အား``မိတ်​ဆွေ၊ ကျန်း မာ​ပါ​၏​လော'' ဟု​ဆို​ပြီး​လျှင်​နမ်း​ရှုပ်​ဟန် ပြု​၍​ညာ​လက်​ဖြင့်​အာ​မ​သ​၏​မုတ်​ဆိတ် ကို​ဆွဲ​ကိုင်​ကာ၊-

သင်​သည်​သစ်​ပင်​များ​ထိပ်​၌​စစ်​ချီ​သံ​ကို ကြား​သော​အ​ခါ​စ​တင်​တိုက်​ခိုက်​လော့။ ထို အ​ခါ​၌​ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ချေ​မှုန်း ရန်​သင်​၏​ရှေ့​မှ​ကြွ​နှင့်​မည်''ဟု​မိန့်​တော်​မူ​၏။-

အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။

``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။

ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။

ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။-

အ​ကျွန်ုပ်​သည်​ဂျုံ​စပါး​နယ်​ရာ​မြေ​တ​လင်း ပေါ်​၌ သိုး​မွေး​ကို​ချ​ထား​ပါ​မည်။ အ​ကယ်​၍ နံ​နက်​ချိန်​၌​သိုး​မွေး​အ​ပေါ်​၌​သာ​လျှင် နှင်း​ကျ​၍​မြေ​တ​လင်း​ပေါ်​၌​မ​ကျ​ခဲ့​သော် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​အ​တွက်​အ​သုံး​ပြု တော်​မူ​မည်​ကို​အ​ကျွန်ုပ်​အ​မှန်​သိ​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​၏။-

အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ