Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:12

Common Language Bible

သူ​က``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​လာ​ခဲ့​ရ​သည့် ကိစ္စ​ထ​မြောက်​အောင်​မြင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ၏​သခင်​အား​ထား​သော​က​တိ​တော်​အ​တိုင်း​ပြု တော်​မူ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အား​ဖြင့်​အာ​ဗြံ​အား``အာ​ဗြံ၊ မ​ကြောက်​နှင့်။ ငါ သည်​သင့်​အား​အန္တ​ရာယ်​မှ​ကာ​ကွယ်​၍ ကြီး​မြတ် သော​ဆု​ကို​ချ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​စေ​ခံ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​က​သူ့ အား​ထ​မြောက်​အောင်​မြင်​ခွင့်​ပေး​မည်၊ မ​ပေး မည်​ကို​သိ​နိုင်​ရန်​စောင့်​ကြည့်​နေ​လေ​သည်။

``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​အား​က​ရု​ဏာ ပြ​တော်​မူ​လျက် သစ္စာ​ကတိ​တော်​အ​တိုင်း​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​အား​သ​ခင်​၏​ဆွေ​မျိုး​များ ထံ​သို့​ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ လေ​ပြီ'' ဟု​မြွက်​ဆို​လေ​၏။

``ကျွန်ုပ်​သည်​ရေ​တွင်း​သို့​ယ​နေ့​ရောက်​ရှိ​သော အ​ခါ`အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ပြု​လုပ်​ရ မည့်​အ​မှု​ကိစ္စ​ကို​အောင်​မြင်​စေ​တော်​မူ​ပါ။-

ထို​နောက်​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဦး​ညွှတ်​ရှိ​ခိုး​၍​ကျွန်ုပ်​သ​ခင်​၏​သား​အ​တွက် မ​ယား​ရှိ​ရာ​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ​သော​ကျွန်ုပ် သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီးမွမ်း​ပါ​သည်။-

ထို​ည​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ် ထင်​ပြ​၍``ငါ​သည်​သင်​၏​အ​ဖ​အာ​ဗြ​ဟံ​၏ ဘု​ရား​ဖြစ်​၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​၏။ ငါ​၏​ကျွန်​အာ​ဗြ​ဟံ​အား​ထား သော​ကတိ​တော်​ကို​ထောက်​၍​သင့်​ကို​ကောင်း​ချီး ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​များ ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။-

ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။

ဣ​ဇာက်​က``ငါ့​သား၊ အ​မဲ​ကောင်​အ​ရ​မြန်​လှ ပါ​တ​ကား'' ဟု​ဆို​၏။ ယာ​ကုပ်​က``အ​ဖ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​စောင်​မ​ခြင်း​ကြောင့်​အ​မဲ​ကောင်​ကို အ​မြန်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-

အ​ကယ်​၍​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​ရှိ​ခဲ့​လျှင် သင်​သည်​ကျွန်ုပ်​ကို​လက်​ချည်း​သက် သက်​စေ​လွှတ်​လိုက်​မည်​ဖြစ်​၏။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​ခံ​ရ​သော​ဆင်း​ရဲ ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​တို့​ကို​သိ မြင်​တော်​မူ​သ​ဖြင့်​ယ​မန်​နေ့​ည​က​သင့်​ကို ဆုံး​မ​တော်​မူ​ပြီ'' ဟု​လာ​ဗန်​အား​ဆို​လေ​၏။

ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-

ထို​နောက်​ယာ​ကုပ်​က``အ​ကျွန်ုပ်​၏​အ​ဘိုး အာ​ဗြ​ဟံ​နှင့်​အ​ကျွန်ုပ်​၏​ဖ​ခင်​ဣ​ဇာက်​တို့ ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က`သင်​၏ ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန် လော့။ ငါ​သည်​သင့်​ကို​ကြီး​ပွား​စေ​မည်' ဟု မိန့်​တော်​မူ​ပါ​၏။-

ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။

ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-

သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-

အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။

ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊-

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အောင်​မြင်​ခွင့်​ကို​ပေး​တော် မူ​ပါ။

``သင့်​ကို​ချစ်​မြတ်​နိုး​သူ​တို့​သည်​ကောင်း​စား ကြ​ပါ​စေ​သော။ သင်​၏​မြို့​ရိုး​များ​အ​တွင်း​၌​ငြိမ်း​ချမ်း​သာ​ယာ မှု​ရှိ​၍ သင်​၏​နန်း​တော်​များ​အ​တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​မှု ရှိ​ပါ​စေ​သော'' ဟု ယေ​ရု​ရှ​လင်​မြို့​၏​ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက် ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။

အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အိမ်​ကို ဆောက်​တော်​မ​မူ​လျှင်​ဆောက်​လုပ်​သူ​တို့​၏ လုပ်​ဆောင်​ချက်​သည်​အ​ချည်း​နှီး​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​စောင့်​တော်​မ​မူ လျှင် ကင်း​စောင့်​တို့​၏​စောင့်​ကြပ်​မှု​သည်​အ​ချည်း​နှီး​ဖြစ်​၏။

သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ထံ​သို့​ငါ့​အား​စေ​လွှတ်​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​ရ မည်။ ဤ​နာ​မ​သည်​ထာ​ဝ​စဉ်​ငါ​၏​နာ​မ ဖြစ်​၏။ နောင်​လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ထို​နာ​မ​ဖြင့်​ငါ့​အား​သိ​ကြ​လိမ့်​မည်။-

ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။

သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ