ဘုရားသခင်က ဉာဏ်ပညာရဲ့အရင်းအမြစ်ပါ။ ဉာဏ်ပညာရှိချင်ရင် ကိုယ်တော့်ဆီကို ချဉ်းကပ်ရမှာပေါ့။ ဉာဏ်ပညာကို ချစ်မြတ်နိုးဖို့ဆိုရင် အဲဒီဉာဏ်ပညာပေးသနားတဲ့ ကောင်းကင်ဘုံက ဖခင်ကို အရင်ချစ်ရမယ်။ နေ့တိုင်း ကောင်းကင်ဘုံက ပေးတဲ့ ဉာဏ်ပညာကို တောင်းခံရမယ်။ အဲဒီလိုဆိုရင် ကိုယ့်ရဲ့နှလုံးသားအတွက် အမှန်တကယ် အကျိုးရှိတဲ့ လမ်းမှန်ကို ရွေးချယ်နိုင်မှာပါ။ အချိန်တိုင်း ဉာဏ်ပညာနဲ့အတူ နေထိုင်ရမယ်။ အဲဒီလိုဆိုရင် အမှားနည်းနည်းလုပ်မိမှာဖြစ်ပြီး ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနိုင်မှာပါ။ ဉာဏ်ပညာရှိသူတစ်ယောက်ဟာ ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို ခံယူမယ်ဆိုရင် အောင်မြင်မှုဆီကို ရောက်ရှိနိုင်ပါတယ်။
သင်တို့ထဲက ဘယ်သူမဆို ဉာဏ်ပညာလိုအပ်ရင် ဘုရားသခင်ကို တောင်းခံပါ။ ဘုရားသခင်က လူတိုင်းကို မခွဲခြားဘဲ ပေးသနားတတ်ပါတယ်။ (ယာကုပ် ၁:၅-၆) ဒါပေမယ့် ယုံကြည်ခြင်းနဲ့ တောင်းခံရမယ်။ သံသယဖြစ်လို့ မရဘူး။ သံသယရှိသူဟာ လေတိုက်ရင် လှုပ်ရှားနေတဲ့ ပင်လယ်လှိုင်းလိုပါပဲ။ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ရှာဖွေပါ။ ရရှိလာမှာပါ။ ဉာဏ်ပညာရဲ့ အစဟာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းပါပဲ။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ။ ကိုယ်တော်က သင့်ရဲ့ခြေလှမ်းတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ခံစားချက်တွေ၊ စိတ်ခံစားမှုတွေနောက်ကို မလိုက်ပါနဲ့။ မကောင်းမှုကနေ ဝေးဝေးရှောင်ပါ။ ဘုရားသခင်ရဲ့ အသံကို နားထောင်ပြီး နာခံပါ။ အဲဒီလိုဆိုရင် ဒီမြေပေါ်မှာ ဉာဏ်ပညာရှိသူအဖြစ် သတ်မှတ်ခံရမှာပါ။
ဘု ရား သ ခင်၏ ကြွယ် ဝ သော ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ တော် သည် အ လွန် နက် နဲ လျက် စီ ရင် တော် မူ ချက် များ ကို ရှာ ဖွေ ၍ မ ရ။ နည်း လမ်း တော် များ ကို လည်း နှိုက်၍ မ မီ နိုင် ပါ တ ကား။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ ဖြစ်၏။ ဒု စ ရိုက် ကို ကြဉ် ရှောင် သော သ ဘော လည်း၊ ဉာဏ် ပ ဋိ ဘာန် တည်း ဟု၊ လူ တို့ အား မိန့် တော် မူ သည် ဟူ၍ မြွက် ဆို လေ၏။
ပ ညာ ရှိ တို့ နှင့် ပေါင်း ဖော် သော သူ သည်၊ ပ ညာ ရှိ လိမ့် မည်။ မိုက် သော သူ တို့ နှင့် ပေါင်း သင်း သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
ဘု ရား သ ခင်၏ မိုက် မဲ ခြင်း သည် လူ တို့ ပ ညာ ထက် ကောင်း၏။ ဘု ရား သ ခင်၏ အား နည်း ခြင်း လည်း လူ တို့ ခွန် အား ထက် သန် စွမ်း ၏။
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ ကို သ နား တော် မူ၏။ အ သိ ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် သည် နှုတ် တော် မှ ထွက် ၏။
ဉာဏ် ပ ညာ ကို ရ ခြင်း သည် ရွှေ ထက် လည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကို ရွေး ရ ခြင်း သည် ငွေ ထက် လည်း ကောင်း၊ သာ ၍ မြတ် ၏။
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ ဆိုင် ရာ ဆုံး မ ခြင်း ဖြစ်၏။ ဂုဏ် အ သ ရေ ၏ အ ရင် လည်း၊ နှိမ့် ချ ခြင်း တည် ရာ ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ၏ စ တည် ရာ ဖြစ်၏။ လိုက် နာ သ မျှ သော သူ တို့ သည်၊ ဉာဏ် ကောင်း သူ တို့ တည်း။ ဂုဏ် တော် ကို ချီး မွမ်း ခြင်း လည်း၊ ကာ လ အ စဉ် တည် ၏။
ပ ညာ ရှိ စ ကား သည်၊ ကျေး ဇူး များ၏။ လူ မိုက်၏ နှုတ် ထွက် မူ ကား၊ ကိုယ် ကို မျို စား လျက်၊
ဉာဏ် ပ ညာ သည် စိတ် ဝိ ညာဉ်၌ ချို မြိန် ကြောင်း ကို သိ လိမ့် မည်။ တွေ့ ခဲ့ လျှင်၊ အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း၊ မ ပျက် ဘဲ တည် လိမ့် မည်။
ဆုံး မ ခြင်း ကို နှစ် သက် သော သူ သည်၊ အ သိ ပ ညာ ကို နှစ် သက် ၏။ ပဲ့ ပြင် ခြင်း ကို မုန်း ထား သူ မူ ကား၊ ဉာဏ် တုံး ၏။
အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။
အ ကျွန်ုပ် အား ဉာဏ် ပ ညာ နှင့် အ စွမ်း သ တ္တိ ကို ပေး သ နား၍ အ ကျွန်ုပ် တို့ တောင်း လျှောက် သည့် အ လျောက် ဘု ရင် မင်း၏ အ မှု အ ရေး ကို ယ ခု ဖော် ပြ တော် မူ သော ဘိုး ဘေး တို့၏ ဘု ရား သ ခင်၊ ကိုယ် တော်၏ ကျေး ဇူး ကို ချီး မွမ်း ထော မ နာ ပြု ပါ သည် ဟု ဒံ ယေ လ လျှောက် ဆို ပြီး လျှင်၊
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ အ သိ ပ ညာ၏ စ တည် ရာ ဖြစ်၏။ သူ မိုက် တို့ မူ ကား၊ ဉာဏ် ပ ညာ နှင့် ဆုံး မ သွန် သင် ခြင်း ကို မ ထီ လေး စား ပြု တတ် ကြ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ၏ အ စ မူ လ ဖြစ်၏။ သန့် ရှင်း တော် မူ သော အ ရှင် ကို သိ ကျွမ်း ခြင်း သည်၊ ဉာဏ် ပ ဋိ ဘာန် ဖြစ်၏။
ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။
နှ လုံး ရည် ကောင်း သော သူ သည်၊ ပ ညတ် များ ကို ခံ ယူ တတ်၏။ မိုက် မဲ သော စ ကား အိုး မူ ကား၊ ဆုံး ရှုံး တတ် ၏။
ရှော လ မုန် မင်း၏ န ယ ပုံ ပြင် ချက် များ၊ ပ ညာ ရှိ သော သား သည်၊ အ ဘ ရွှင် လန်း ရာ အ ကြောင်း၊ မိုက် မဲ သော သား မူ ကား၊ အ မိ ညှိုး နွမ်း ရာ အ ကြောင်း ဖြစ် ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ဉာဏ် ပ ညာ ကို နှစ် သက် သော သူ သည်၊ အ ဘ အား ရွှင် လန်း စေ၏။ ပြည့် တန် ဆာ တို့ နှင့် ပေါင်း ဖော် သော သူ မူ ကား၊ ဥ စ္စာ ကို ဖြုန်း တီး တတ်၏။
သင် တို့ ဘောင် တွင် ဉာဏ် ပ ညာ ရှိ၍ နား လည် တတ် သူ ကား မည် သူ နည်း။ ဉာဏ် ပ ညာ နှင့် ဆိုင် ရာ သိမ် မွေ့ ခြင်း အား ဖြင့် ကောင်း မွန် စွာ ကျင့် ကြံ ပြု မူ လျက် သူ့ ကိုယ် ကျင့် ကို ပြ ပါ စေ။
ကိုယ့် နေ့ ရက် များ ကို ရေ တွက်၍၊ ဉာဏ် နှင့် ယှဉ် သော စိတ် နှ လုံး ကို ရ ရှိ စေ ခြင်း ငှာ၊ သွန် သင် တော် မူ ပါ။
အ ခါ အ ခွင့် ကို ဝယ် ယူ လျက် သာ သ နာ ပ တို့ ရှေ့ လိ မ္မာ စွာ ကျင့် ကြံ ပြု မူ ကြ လော့။အ သီး အ သီး တို့ အား မည် သို့ ဖြေ ဆို သင့် ကြောင်း သိ စေ ခြင်း ငှာ ယဉ် ကျေး သော စ ကား ကို သင် တို့ အ ပြော အ ဆို တွင် ဆား သ ဖွယ် ခတ် ကြ လော့။
သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။
လူ များ တို့ လည်း။ စင် ကြယ် ဖြူ ဆွတ် ရ အောင်။ စစ် ဆေး ခြင်း ကို ခံ ရ ကြ လိမ့် မည်။ လူ ဆိုး တို့ သည်။ အ ဆိုး ပြု မြဲ ပြု၍ တ ယောက် မျှ နား မ လည် ရာ။ သ တိ ပ ညာ ရှိ သူ တို့ မူ ကား။ နား လည် ကြ လိမ့် မည်။
လူ မိုက်၏ အ မျက် ဒေါ သ သည်၊ ရုတ် တ ရက် ထင် ရှား၏။ လိ မ္မာ သော သူ မူ ကား၊ အ ရှက် ကို ဖုံး တတ် ၏။
ကိုယ့် နှုတ် ကို စောင့် ထိန်း သော သူ သည်၊ အ သက် ကို စောင့် ရှောက် ရာ ရောက် ၏။ နှုတ် ကျယ် သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
ရှေး ကာ လ နေ့ ရက် သည်၊ ယ ခု ကာ လ ထက်၊ မည် သည့် အ ကြောင်း ကြောင့် ကောင်း သ နည်း ဟု မ မေး နှင့်။ ထို သို့ မေး လျှင် ပ ညာ မဲ့ ဖြစ်၏။
အ ဘယ့် ကြောင့် ဆို သော်၊ များ စွာ သော ပ ညာ ၌၊ ပူ ဆွေး ခြင်း များ စွာ ရှိ သည် နှင့်၊ အ သိ ပ ညာ ကို တိုး ပွား စေ သူ လည်း၊ ပူ ပန် ခြင်း ကို တိုး ပွား စေ သ တည်း။
ထို့ ကြောင့် မည် သူ မ ဆို ငါ ယ ခု ဟော ပြော ချက် ကို ကြား၍ လိုက် နာ လျှင် ကျောက် ပေါ် တွင် အိမ် ဆောက် သော ပ ညာ ရှိ နှင့် ငါ ပုံ နှိုင်း မည်။
ဤ အ တတ် မျိုး သည် အံ့ ဖွယ် ရာ အ ကြံ တော်၊ လွန် ကဲ ရာ ပ ညာ တော် နှင့် ပြည့် စုံ သော ဗိုလ် ခြေ တို့ အ ရှင် ထာဝ ရ ဘု ရား ထံ မှ ဖြစ် လာ သ တည်း။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
ဉာဏ် ပ ညာ ကိုလည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။ဉာဏ် ပ ညာ ကို မ စွန့် နှင့်။ သင့် အား စောင့် ရှောက် လိမ့် မည်။ ချစ် လော့။ စောင့် ထိန်း လိမ့် မည်။
အ ဘယ့် ကြောင့် ဆို သော်၊ ငွေ ရ တ နာ သည် အ ရိပ် အ ကာ သ ဖွယ် ဖြစ် သည့် နည်း တူ၊ ပ ညာ လည်း အ ရိပ် အ ကာ သ ဖွယ် ဖြစ်၏။ အ သိ ပ ညာ အ ကျိုး ဟူ မူ ကား၊ ပ ညာ ရှင့် အ သက် ကို ရှည် စေ တတ် သ တည်း။
နှုတ် က ပတ် တော် ဖွင့် ပြ ခြင်း ကြောင့် အ လင်း ရ၍၊ ရိုး သား သူ တို့ နား လည် ခွင့် ရ ကြ ပါ၏။
ဖြောင့် မတ် သော နှုတ် ခမ်း သည်၊ ဘု ရင် မင်း တို့ နှစ် သက် ဖွယ် ဖြစ်၍၊ မှန် ကန် စွာ ပြော သော သူ့ ကို ချစ် တတ် ကြ ၏။
ဉာဏ် ပ ညာ ကို ရှာ တွေ့၍၊ ဉာဏ် ပ ဋိ ဘာန် ကို ရ သူ၌ မင်္ဂ လာ ရှိ ၏။ဉာဏ် ပ ညာ ကို ကုန် သွယ် ခြင်း သည်၊ ငွေ ကုန် သွယ် ခြင်း ထက် လည်း ကောင်း၊ အ မြတ် လည်း၊ ရွှေ ထက် လည်း ကောင်း၊ သာ ၍ ကောင်း ၏။
ထို အ ကြောင်း ကြောင့် ငါ တို့ သည် ကြား ရ သည့် နေ့ က စ၍ သင် တို့ အ တွက် မ ပြတ် ပ ဌ နာ ပြု သည် မှာ ဝိ ညာဉ် တော် ဆိုင် ရာ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် အ မျိုး မျိုး ဖြင့် အ လို တော် ကို သိ ကျွမ်း ခြင်း နှင့် ပြည့် စုံ၍၊
စိတ် ရှည် သော သူ သည်၊ ထူး ကဲ သော ဉာဏ် ပ ဋိ ဘာန် ရှိ၏။ စိတ် တို သော သူ မူ ကား၊ အ မိုက် တ ရား ကို ချီး မြှင့် တတ်၏။
ထို သို့ အို မင်း သူ တို့ သည်၊ ဉာဏ် ပ ညာ ရှိ လျက်၊ အ သက် ရှည်၍ လည်း ဉာဏ် ပ ဋိ ဘာန် ရ၏။
သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။
ဉာဏ် ပ ညာ ကို ရှာ တွေ့၍၊ ဉာဏ် ပ ဋိ ဘာန် ကို ရ သူ၌ မင်္ဂ လာ ရှိ ၏။ဉာဏ် ပ ညာ ကို ကုန် သွယ် ခြင်း သည်၊ ငွေ ကုန် သွယ် ခြင်း ထက် လည်း ကောင်း၊ အ မြတ် လည်း၊ ရွှေ ထက် လည်း ကောင်း၊ သာ ၍ ကောင်း ၏။ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် သာ၍ မြင့် မြတ် သ ဖြင့်၊ သင် နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း၊ မ ပြိုင် မ နှိုင်း ရာ၊ဉာဏ် ပ ညာ၏ ယာ လက် တွင် အ သက် ရှည် ခြင်း၊ ဝဲ လက် တွင် ဂုဏ် သ ရေ နှင့် ကြွယ် ဝ ခြင်း တည် ၏။ဆိုင် ရာ လမ်း များ သည်၊ တင့် တယ် လျက်၊ ခ ရီး ရှိ သ မျှ လည်း၊ ငြိမ် သက် ရာ ဖြစ်၏။ကိုင် စွဲ သူ တို့ အ ဖို့ ဉာဏ် ပ ညာ သည် အ သက် ပင် သ ဖွယ် ဖြစ်၍၊ စွဲ မြဲ သူ တို့၌ လည်း မင်္ဂ လာ ရှိ၏။
ဖြောင့် မတ် သူ သည်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လျက်၊ လျှာ ဖြင့် မျှ တ ခြင်း အ ကြောင်း ပြော ဆို တတ်၏။
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
ဉာဏ် ပ ညာ ကို ရ သော သူ သည်၊ ကိုယ့် အ သက် ကို ချစ် ရာ ရောက်၏။ ဉာဏ် ပ ဋိ ဘာန် ကို စောင့် ရှောက် သူ လည်း၊ ကောင်း စား လိမ့် မည်။
အ သို့ ဆို သော်၊ ဉာဏ် ပ ညာ သည် သင့် နှ လုံး ထဲ သို့ ဝင်၍၊ အ သိ ပ ညာ ကို လည်း သင် နှစ် သက် သ ဖြင့်၊ဆိုး သော လမ်း မှ ကယ် လွှတ် သည့် ပြင်၊ ကောက် ကျစ် သော စ ကား ကိုပြော သော သူ၊ မှောင် သော လမ်း သို့ လိုက် ရန် ဖြောင့် သော လမ်း ကို စွန့် သော သူ၊ စဉ်း လဲ သော အ ကျင့် နှင့် လိမ် လည် သော အ လေ့ အ လာ ရှိ သ ဖြင့်၊ အ ဆိုး ပြု၍ ရွှင် လန်း လျက်၊ ဆိုး သွမ်း ကောက် ကျစ် ခြင်း၌ မွေ့ လျော် သော သူ တို့ မှလည်း ကောင်း၊ ငယ် ပေါင်း ကြီး ဖော် ကို စွန့်၍ ကိုယ့် ဘု ရား သ ခင်၏ ပ ဋိ ညာဉ် ကို မေ့ လျော့ သော မိန်း မ ပေါ့၊ စ ကား ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ ကယ် လွှတ် စေ ရန်၊ ပ ညာ သ တိ သည် သင့် ကို စောင့် ရှောက် ၍၊ ဉာဏ် ပ ဋိ ဘာန် လည်း ကွယ် ကာ စောင့် ထိန်း လိမ့် မည်။
ပ ညတ် တော် များ ကို အ ကျွန်ုပ် ယုံ ကြည် သည် ဖြစ်၍၊ အ သိ ဉာဏ် နှင့် အ သိ ပ ညာ ကို သွန် သင် တော် မူ ပါ။
ပ ညာ ရှိ တို့ သည်၊ အ သိ ပ ညာ ကို သို ထား တတ်၏။ လူ မိုက် တို့ နှုတ် မူ ကား၊ ဖျက် ဆဲ ဖျက် လ တ္တံ့ ဖြစ်၏။
အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
လူ မိုက် သည် ကိုယ့် အ လေ့ လာ မှန် သည် ဟု ထင် မြင် တတ်၏။ ပ ညာ ရှိ မူ ကား၊ အ ကြံ ပေး ရာ ကို ဆင် ခြင် လိမ့် မည်။
၄င်း အ ပေါ် တွင် ဉာဏ် ပ ညာ ဉာဏ် ပ ဋိ ဘာန်သ ဘော၊ အ ကြံ နှင့် စွမ်း ရည် ကောင်း သောသ ဘော၊ ထာ ဝ ရ ဘု ရား ကို သိ ကျွမ်း၍ ခန့် ညား သောသ ဘော တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ကိန်း ဝပ် တော် မူ လိမ့် မည်။
သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။
ထို သို့ ပြု သည် မှာ ဤ သူ တို့ သည် မေ တ္တာ တ ရား ဖြင့် ဖွဲ့ စည်း လျက် ကြွယ် ဝ စုံ လင် စွာ နား လည် ခွင့်၊ ခ ရစ် တော် တည်း ဟူ သော ဘု ရား သ ခင့် နက် နဲ ရာ ကို ထိုး ထွင်း ခွင့် ရ၍ စိတ် အား တက် စေ ခြင်း ငှာ တည်း။အ ကယ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ လော ကီ စာ ဝါ ငယ်၌ သေ ကြ ပြီ မှန် လျှင် အ သုံး များ သ ဖြင့် ပျက် ယွင်း တတ် သော အ ရာ ရာ နှင့် စပ်၍ စွဲ ကိုင် ခြင်း၊ မြည်း စမ်း ခြင်း၊ တို့ ထိ ခြင်း မ ပြု ရ ဟူ သော စီ ရင် ထုံး များ အောက် လူ တို့ မှာ ထား ချက်၊ သွန် သင် ချက် အ လိုက် လော က တွင် အ သက် ရှင် သ ကဲ့ သို့ အ ဘယ် ကြောင့် နေ ကြ သ နည်း။ထို သို့ သော အ ချက် များ ကား အ လို အ လျောက် ကိုး ကွယ် ခြင်း၊ နှိမ့် ချ ခြင်း၊ ကိုယ် ကာ ယ ကို ချိုး ဖဲ့ ခြင်း များ ဖြင့် ပ ညာ လ က္ခ ဏာ ရှိ သော် လည်း ဇာ တိ သ ဘော ကို ချုပ် တည်း ရန် စွမ်း ရည် မ ရှိ။ကိုယ် တော်၌ ဉာဏ် ပ ညာ၊ အ သိ ပ ညာ အ မျိုး မျိုး တို့ သည် သိုက် သ ဖွယ် ကွယ် ဝှက် သည် တ ကား။
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။
ပ ညာ ရှိ ဩ ဝါ ဒ တ ရား သည်၊ သေ မင်း၏ ညွှတ် ကွင်း များ မှ လွှဲ ရှောင် ရန်၊ အ သက် စမ်း ရေ ဖြစ် ၏။
ထာ ဝ ရ ဘု ရား ကို ဆန့် ကျင် ဘက် ပြု သော ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ ကြံ အ စည် များ သည်၊ မ တည် နိုင် ချေ။
ဉာဏ် ကောင်း သော သူ၏ စိတ် သည်၊ အ သိ ပ ညာ ကို ရ၏။ ပ ညာ ရှိ သူ၏ နား သည်၊ အ သိ ပ ညာ ကို လိုက် နာ တတ် ၏။
ဉာဏ် ပ ညာ ကိုလည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။
ကိုယ် တော် သည် အ တွင်း နှ လုံး၌၊ သ စ္စာ စောင့် ခြင်း ကို နှစ် သက်၍၊ ကွယ် ဝှက် ရာ များ၌၊ ဉာဏ် ပ ညာ ကို သိ စေ တော် မူ လိမ့် မည်။
ဥ ပ ဒေ သ တော် များ ကြောင့် နား လည် ခြင်း ရ ရှိ၍၊ အ မှား လမ်း ရှိ သ မျှ ကို ရွံ ရှာ ပါ၏။
ပ ညာ ရှိ တို့၏ စ ကား ကို၊ နား ထောင် နာ ခံ လော့။ ငါ၏ အ သိ ပ ညာ ကို လည်း၊ စိတ် စွဲ လမ်း လော့။၎င်း နှစ် မျိုး ကို၊ အ တွင်း သ ဘော၌ စောင့် ရှောက်၍၊ နှုတ် တွင် တည် ရှိ လျှင် သင့် လျော် ၏။
ပ ညာ ရှင် သည်၊ တန် ခိုး နှင့် တည်၍၊ အ သိ ပ ညာ ရှိ သော သူ လည်း၊ စွမ်း ရည် တိုး တက် စေ တတ် ၏။