ဒေသနာကျမ်း။ 7:12 - Garrad Bible12 အ ဘယ့် ကြောင့် ဆို သော်၊ ငွေ ရ တ နာ သည် အ ရိပ် အ ကာ သ ဖွယ် ဖြစ် သည့် နည်း တူ၊ ပ ညာ လည်း အ ရိပ် အ ကာ သ ဖွယ် ဖြစ်၏။ အ သိ ပ ညာ အ ကျိုး ဟူ မူ ကား၊ ပ ညာ ရှင့် အ သက် ကို ရှည် စေ တတ် သ တည်း။ အခန်းကိုကြည့်ပါ။Common Language Bible12 အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ အခန်းကိုကြည့်ပါ။Judson Bible12 အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဆိုး သော လမ်း မှ ကယ် လွှတ် သည့် ပြင်၊ ကောက် ကျစ် သော စ ကား ကိုပြော သော သူ၊ မှောင် သော လမ်း သို့ လိုက် ရန် ဖြောင့် သော လမ်း ကို စွန့် သော သူ၊ စဉ်း လဲ သော အ ကျင့် နှင့် လိမ် လည် သော အ လေ့ အ လာ ရှိ သ ဖြင့်၊ အ ဆိုး ပြု၍ ရွှင် လန်း လျက်၊ ဆိုး သွမ်း ကောက် ကျစ် ခြင်း၌ မွေ့ လျော် သော သူ တို့ မှလည်း ကောင်း၊ ငယ် ပေါင်း ကြီး ဖော် ကို စွန့်၍ ကိုယ့် ဘု ရား သ ခင်၏ ပ ဋိ ညာဉ် ကို မေ့ လျော့ သော မိန်း မ ပေါ့၊ စ ကား ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ ကယ် လွှတ် စေ ရန်၊ ပ ညာ သ တိ သည် သင့် ကို စောင့် ရှောက် ၍၊ ဉာဏ် ပ ဋိ ဘာန် လည်း ကွယ် ကာ စောင့် ထိန်း လိမ့် မည်။
မု ချ အား ဖြင့် ငါ့ အ ရှင် ခ ရစ် တော် ယေ ရှု နှင့် ကျွမ်း ဝင် ခွင့် အ ထူး အ မြတ် ကို ထောက်၍ အ ရာ ခပ် သိမ်း ကို အ ရှုံး ဖြစ် သည် ဟု ငါ မှတ် ယူ ၏။ ပ ညတ် တ ရား နှင့် ဆိုင် ရာ ကိုယ် ဖြောင့် မတ် ခြင်း မ ရှိ ဘဲ ခ ရစ် တော် ကို ယုံ ကြည် အား ကိုး ခြင်း ကြောင့် ဘု ရား သ ခင် သ နား တော် မူ သော ဖြောင့် မတ် ခြင်း ကို ရ၍ ခ ရစ် တော် ကို ပိုင် လျက် ကိုယ် တော်၌ တည် နေ ခွင့် ရ အံ့ သော ငှာ ငါ သည် ကိုယ် တော့် အ တွက် အ ရာ ခပ် သိမ်း အ ရှုံး ခံ၍ အ မှိုက် မျှ သာ မှတ် ယူ ၏။