ဒေသနာကျမ်း။ 7:10 - Garrad Bible10 ရှေး ကာ လ နေ့ ရက် သည်၊ ယ ခု ကာ လ ထက်၊ မည် သည့် အ ကြောင်း ကြောင့် ကောင်း သ နည်း ဟု မ မေး နှင့်။ ထို သို့ မေး လျှင် ပ ညာ မဲ့ ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible10 ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ သင် တို့ အ မိ ကို ငါ ကွာ လိုက် သော ဖြတ် စာ အ ဘယ် မှာ နည်း။ ငါ့ မြီ ရှင် တို့ အ နက် မည် သူ့ ထံ သင် တို့ ကို ရောင်း စား ခဲ့ သ နည်း။ သင် တို့ သည် ကိုယ့် ဒု စ ရိုက် များ ကြောင့် သာ ရောင်း ချ ခြင်း၊ အ မိ လည်း သင် တို့ လွန် ကျူး မှု များ ကြောင့် သာ စွန့် ခွာ ခြင်း ကို ခံ ရ ကြ ပြီ တ ကား။ ငါ ရောက် သော အ ခါ လူ မ ရှိ၊ ခေါ် သော အ ခါ မ ထူး သည် မှာ အ သို့ နည်း။ ငါ မ ရွေး နုတ် နိုင် အောင် လက် ရုံး တို သ လော။ မ ကယ် လွှတ် နိုင် အောင် တန် ခိုး မဲ့ သ လော။ ကြည့် လော့၊ ငါ ဆုံး မ သ ဖြင့် သ မု ဒ္ဒ ရာ ရေ ခန်း ခြောက်၍၊ မြစ် များ သောင် ဖြစ်လျက်၊ ရေ မ ရှိ သော ကြောင့် ငါ များ လည်း ရေ ငတ် သေ ဆုံး ညှီ နံ ကုန် ၏။
ဂိ ဒေါင် က၊ အို အ ရှင် မြတ်၊ အ ကျွန်ုပ် တို့ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် မှန် ပါ လျှင်၊ အ ဘယ် ကြောင့် ဤ ဘေး ဆိုး သင့် ရောက် ပါ သ နည်း။ ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သည် မ ဟုတ် လော ဟူ၍ ဘိုး ဘေး တို့ ပြန် ကြား သ မျှ သော အံ့ ဖွယ် ရာ များ ကား အ ဘယ် မှာ နည်း။ ယ ခု မှာ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် တို့ ကို စွန့် ပယ်၍ မိ ဒျန် လူ မျိုး လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ လေ စွ တ ကား ဟု ဆို သော်၊