Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 4:5 - Garrad Bible

5 ဉာဏ် ပ ညာ ကိုလည်း‌ ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း‌ ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ အသိဉာဏ်​ကို​ဆည်းပူး​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို မ​မေ့လျော့​နှင့်​။ ၎င်း​တို့​မှ​သွေဖည်​မ​သွား​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 4:5
17 ပူးပေါင်းရင်းမြစ်များ  

ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ကျင့် ကြံ လျက်၊ ဝဲ ယာ သို့ မ ယိမ်း မ ယိုင်၊ ဘေး တော် ဒါ ဝိဒ် မင်း နည်း လမ်း အ တိုင်း လိုက် လျှောက် လေ ၏။


ခြေ တော် ရာ ကို ငါ နင်း လိုက်၍၊ နည်း လမ်း တော် ကို လည်း မ လွှဲ ဘဲ စောင့် ရှောက် ခဲ့ ပြီ။


ညှဉ်း ပန်း သူ နှင့် ရန် ဘက် ပြု သူ တို့ များ လှ သော် လည်း၊ သက် သေ ခံ တော် မူ ချက် များ မှ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။


မာ န ကြီး သူ တို့ သည် မ ထီ လေး စား ပြု လှ ကြ သော် လည်း၊ တ ရား တော် မှ အ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။


ကိုယ် တော် သည်၊ ခွေး အ တို့ အောင်း ရာ တွင် ချိုး ဖဲ့ ၍၊ သေ ခြင်း အ ရိပ် နှင့် ဖုံး လွှမ်း တော် မူ ခဲ့ ပါ သော် လည်း၊ အ ကျွန်ုပ် တို့ စိတ် အား မ ဆုတ်။


ဉာဏ် ပ ညာ ကို ရ ခြင်း သည် ရွှေ ထက် လည်း‌ ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကို ရွေး ရ ခြင်း သည် ငွေ ထက် လည်း‌ ကောင်း၊ သာ ၍ မြတ် ၏။


မိုက် မဲ သော သူ သည်၊ ဉာဏ် မ ရှိ သည် ဖြစ်၍၊ ပ ညာ ဝယ် ရန် အ ဖိုး ကို၊ အ ဘယ့် ကြောင့် ကိုင် စွဲ ခွင့် ရ သ နည်း။


အ သီး အ ခြား နေ တတ် သော သူ သည်၊ ကိုယ့် အ လို ဆ န္ဒ ပြည့် စုံ စေ ရန် ရှာ ကြံ၍၊ အ မျှော် အ မြင် ပ ညာ ရှိ သ မျှ ကို မျက် မာန် ထ ၏။


ဉာဏ် ပ ညာ ကို ရ သော သူ သည်၊ ကိုယ့် အ သက် ကို ချစ် ရာ ရောက်၏။ ဉာဏ် ပ ဋိ ဘာန် ကို စောင့် ရှောက် သူ လည်း၊ ကောင်း စား လိမ့် မည်။


သ စ္စာ တ ရား မှ စ သော၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ ဩ ဝါ ဒ များ ကို ဝယ်၍၊ မ ရောင်း မ ချ ဘဲ ထား လော့။


ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။


ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။


မ လိ မ္မာ သူ တို့၊ အ လိ မ္မာ ဉာဏ် ကို နား လည် ၍၊ မိုက် မဲ သူ တို့၊ နား လည် သော စိတ် ကို ရ ရှိ ကြ လော့။


သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ