Biblia Todo Logo
ကျမ်းစာ အပိုဒ်များ
- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

137 ဘုရားသခင်ရှာဖွေခြင်း နံနက်ခင်း ကျမ်းပိုဒ်များ

137 ဘုရားသခင်ရှာဖွေခြင်း နံနက်ခင်း ကျမ်းပိုဒ်များ


ဆာ​လံ 5:3

ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။

ဆာ​လံ 63:1

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။

ဆာ​လံ 119:147

ကူ​မ​တော်​မူ​ရန်​ကွန်​တော်​မျိုး​သည်​နေ​မ​ထွက်​မီ ကိုယ်​တော်​ရှင်​ကို​ဟစ်​ခေ"​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကတိ​တော်​တို့​ကို​မှော်​ကိုး​ပါ​၏။

ဟေ​ရှာ​ယ 26:9

ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊ တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။

ဆာ​လံ 130:6

ကင်း​စောင့်​တို့​သည်​အ​ရုဏ်​တက်​ချိန်​ကို စောင့်​မျှော်​သည်​ထက် ငါ​သည်​ဘု​ရား​ရှင်​ကို​ပို​၍​စောင့်​မျှော်​လျက်​နေ​၏။

ဆာ​လံ 42:1-2

အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့် သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မျှော်​ကိုး​ပါ​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​သခင်​အား တစ်​ဖန်​ထော​မ​နာ​ပြု​ပါ​မည်။ အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ခါ​မှ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​သို့​ချဉ်း​ကပ်​၍ ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ပါ​မည်​နည်း။

ဆာ​လံ 143:6

ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။

ဆာ​လံ 119:55

အို ထာ​ဝ​ရ​ဘု​ရား" ညဥ့်​အ​ခါ​၌​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို သ​တိ​ရ​လက် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ဆင်​ခြင်​စဉ်း​စား ပါ​၏။

ဆာ​လံ 90:14

ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန် နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။

သုတ္တံကျမ်း။ 8:17

ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။

ဆာ​လံ 119:62

ကွန်​တော်​မျိုး​သည်​သန်း​ခေါင်​ယံ​တွင်​နိုး​ထ​လက် ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​တော်​မူ​သည့် စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​အ​တွက်​ကိုယ်​တော် ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။

မဿဲ 6:6

သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။

ဆာ​လံ 22:2

ကျွန်​တော်​မျိုး​၏​ဘု​ရား၊​နေ့​အ​ခါ​၌​ကိုယ်​တော် အား ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ထူး​တော်​မ​မူ​ပါ။ ညဥ့်​အ​ခါ​ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​စိတ်​သက်​သာ​ခွင့်​ကို မ​ရ​ပါ။

ဆာ​လံ 34:1

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို အ​စဉ်​မ​ပြတ်​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​အား​အ​ခါ​ခပ်​သိမ်း​ထော​မ​နာ​ပြု​မည်။

ဆာ​လံ 27:8

``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်း အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။

ဟေ​ရှာ​ယ 50:4

မော​ပန်း​နွမ်း​နယ်​သူ​အား၊အား​အင်​ဖြည့်​တင်း​ပေး နိုင်​ရန် အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သွန်​သင်​ပေး​တော်​မူ​လေ​ပြီ။ မိ​မိ​သွန်​သင်​တော်​မူ​မည့်​အ​ရာ​ကို​နား​ထောင်​ရန် ကိုယ်​တော်​သည်​ငါ့​အား​နံ​နက်​တိုင်း​စိတ်​စော​လျက် နေ​စေ​တော်​မူ​၏။

ဆာ​လံ 18:1

အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။

ဆာ​လံ 119:10-11

ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို လိုက်​နာ​သည်​ဖြစ်​၍​အ​သက်​ကြီး​သူ​မား​ထက် ပို​၍​ပ​ညာ​ဉာဏ်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​အ​တိုင်း လိုက်​နာ​လို​သည်​ဖြစ်​၍​အ​ကင့်​ဆိုး​ဟူ​သ​မှ​ကို ရှောင်​ပါ​၏။ ကွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​သူ​မှာ ကိုယ်​တော်​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ခ​မှတ်​တော်​မူ​သည့်​စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​မှ သွေ​ဖည်​၍​မ​သွား​ပါ။ ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​သည်​ကွန်​တော်​မျိုး​၏ ခံ​တွင်း​၌​လွန်​စွာ​ချို​ပါ​၏။ ပား​ရည်​ထက်​ပင်​ချို​ပါ​၏။ ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။ နှုတ်​က​ပတ်​တော်​သည်​မီး​ခွက်​ဖြစ်​၍​ကွန်​တော်​မျိုး သွား​ရာ​လမ်း​ကို​လင်း​စေ​ပါ​၏။ ဖြောင့်​မှန်​စွာ​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​ကို လိုက်​နာ​ပါ​မည်​ဟု​ကွန်​တော်​မျိုး ကိန်​ဆို​ခဲ့​သည့်​အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​အ​လွန်​ပင်​ဒုက္ခ​ဝေ​ဒ​နာ ခံ​စား​နေ​ရ​ပါ​၏။ က​တိ​တော်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​ကေး​ဇူး​တော်​ခီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ​ကို​လက်​ခံ​တော်​မူ​၍ စီ​ရင်​တော်​မူ​ခက်​တို့​ကို​ကွန်​တော်​မျိုး​အား သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​နေ့​စဉ်​နှင့်​အ​မှ အ​သက်​အန္တ​ရာယ်​နှင့်​တေ"​ကြုံ​နေ​ရ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။

ဆာ​လံ 4:1

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​ခဲ့​ပါ​၏။ ယ​ခု​အ​ခါ​၌​လည်း​ကျွန်​တော်​မျိုး​အား သ​နား​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။

ဆာ​လံ 62:1

ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။

ဆာ​လံ 88:13

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။

ဆာ​လံ 130:1

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​ကြေ​ကွဲ​ရာ​မှ ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။

မြည်​တမ်း​စ​ကား 3:22-23

ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။

ဆာ​လံ 119:11

ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။

ဆာ​လံ 30:5

ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သည်​မှာ ခ​ဏ​သာ​လျှင်​ဖြစ်​၏။ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကား​တစ်​သက်​လုံး ဖြစ်​သ​တည်း။ ညဥ့်​အ​ခါ​၌​မျက်​ရည်​များ​ပင်​ကျ​စေ​ကာ​မူ မိုး​သောက်​ချိန်​၌​ကား​ဝမ်း​မြောက်​ရွှင်​လန်း ခွင့်​ကို ရ​ရှိ​တတ်​၏။

၁ ရာ​ချုပ် 16:11

ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။

ဆာ​လံ 119:48

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​လေး​စား​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။

ဆာ​လံ 119:164

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​သော တ​ရား​စီ​ရင်​တော်​မူ​ခက်​မား​အ​တွက်​နေ့​စဉ် ခု​နစ်​ကြိမ်​ကေး​ဇူး​တော်​ကို​ခီး​မွမ်း​ပါ​၏။

ရော​မ 12:12

သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

ဆာ​လံ 119:57

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။

သုတ္တံကျမ်း။ 3:5-6

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ဟေ​ဗြဲ 4:16

သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။

ဆာ​လံ 37:7

ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သော ဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။

ဆာ​လံ 40:1

ငါ​သည်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​မည်​ကို သည်း​ခံ​စောင့်​မျှော်​လျက်​နေ​သော​အ​ခါ ကိုယ်​တော်​သည်​နား​စွင့်​တော်​မူ​၍​ငါ​၏ ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၏။

ဆာ​လံ 5:11

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​ထံ​တော်​တွင်​လုံ​ခြုံ​စွာ ခို​လှုံ​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​အ​စဉ် သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​အား​ချစ်​သူ​တို့​ကို ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြောင့်​သူ​တို့​သည်​အ​ကယ်​ပင် ဝမ်း​မြောက်​ရ​ကြ​ပါ​၏။

ဆာ​လံ 130:5-6

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကို စောင့်​မျှော်​လျက်​နေ​၏။ ကိုယ်​တော်​၏​က​တိ​တော်​ကို​ယုံ​ကြည်​ကိုး​စား​ပါ​၏။ ကင်း​စောင့်​တို့​သည်​အ​ရုဏ်​တက်​ချိန်​ကို စောင့်​မျှော်​သည်​ထက် ငါ​သည်​ဘု​ရား​ရှင်​ကို​ပို​၍​စောင့်​မျှော်​လျက်​နေ​၏။

ဆာ​လံ 91:15

သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။

ဆာ​လံ 119:145-146

ကွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ပတ္ထ​နာ​ပြု​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ထူး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို လိုက်​နာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ဟစ်ခေ"​ပါ​၏။ ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ပါ​မည်။

ဆာ​လံ 63:5-6

ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ချို​မြိန်​သည့်​အ​စာ​ကို စား​သုံး​ရ​သူ​ကဲ့​သို့​ကျေ​နပ်​ရောင့်​ရဲ​လျက်​နေ ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ဝမ်း​မြောက်​စွာ​ထော​မ​နာ သီ​ချင်း​ဆို​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အိပ်​ရာ​ပေါ်​တွင် လဲ​လျောင်း​လျက်​နေ​စဉ် ကိုယ်​တော်​ရှင်​အား​အောက်​မေ့​သ​တိ​ရ​ပါ​၏။ တစ်​ညဥ့်​လုံး​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​ပါ​၏။

ဆာ​လံ 69:13

သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။

ဟေ​ရှာ​ယ 41:10

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ဆာ​လံ 66:19

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။

ဆာ​လံ 46:1

ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။

ဆာ​လံ 119:133

က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး မ​လဲ​စိမ့်​သော​ငှာ​စောင့်​ထိန်း​တော်​မူ​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ကွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။

ဆာ​လံ 119:82

``ကွန်​တော်​မျိုး​အား​အ​ဘယ်​သော​အ​ခါ​၌ ကူ​မ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လှောက်​ကာ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည်​ကို စောင့်​မှော်​နေ​ရ​သည်​မှာ​ကွန်​တော်​မျိုး​၏ မက်​စိ​မား​သည်​ညောင်း​ညာ​လက်​နေ​ပါ​၏။

ဆာ​လံ 24:1-2

လော​က​နှင့်​လော​က​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​သော​လူ​သတ္တ​ဝါ​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။ ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား​စစ်​ပွဲ တွင် အောင်​မြင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​မြေ​အောက် ရေ​နက်​ရာ​အ​ရပ်​၌​အုတ်​မြစ်​ချ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​များ​အ​ထဲ​တွင်​အ​ခြေ စိုက်​၍ တည်​ဆောက်​တော်​မူ​၏။

ဆာ​လံ 103:1-2

အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။ ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။ အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။ ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။ ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။ ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။ လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့် ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။

ဟေ​ရှာ​ယ 58:9

သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။ ``အ​ကယ်​၍​သင်​တို့​သည်​နှိပ်​စက်​ညှင်း​ဆဲ​မှု ကို​ရပ်​စဲ​၍​မ​တ​ရား​စွပ်​စွဲ​မှု​ကို​ရှောင်​ရှား ပြီး​ဆိုး​ညစ်​သည့်​စ​ကား​မှန်​သ​မျှ​ကို​ဖယ် ရှား​ကာ၊-

ဆာ​လံ 8:3

ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ စီ​မံ​ထား​ရှိ​တော်​မူ​သော လ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။

ဖိ​လိပ္ပိ 4:6-7

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။- ထို​သို့​ပြု​လျှင်​လူ့​ဉာဏ်​ဖြင့်​ကြံ​ဆ​နား​လည် ရန်​မ​စွမ်း​နိုင်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက် ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​သင်​တို့​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သော​အား​ဖြင့် သင်​တို့ ၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​များ​ကို ကွယ်​ကာ​စောင့်​ရှောက်​လိမ့်​မည်။

ဆာ​လံ 10:17

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။

ဆာ​လံ 119:165

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။

ဆာ​လံ 119:107-108

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​အ​လွန်​ပင်​ဒုက္ခ​ဝေ​ဒ​နာ ခံ​စား​နေ​ရ​ပါ​၏။ က​တိ​တော်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​ကေး​ဇူး​တော်​ခီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ​ကို​လက်​ခံ​တော်​မူ​၍ စီ​ရင်​တော်​မူ​ခက်​တို့​ကို​ကွန်​တော်​မျိုး​အား သွန်​သင်​တော်​မူ​ပါ။

ဆာ​လံ 119:42

ထို​အ​ခါ​ကွန်​တော်​မျိုး​သည်​မိ​မိ​အား​စော်​ကား သူ​တို့​ကို​ပြန်​လည်​ခေ​ပ​နိုင်​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကွန်​တော်​မျိုး​သည် နှုတ်​က​ပတ်​တော်​ကို​ကိုး​စား​သော​ကြောင့် ဖြစ်​ပါ​၏။

ဆာ​လံ 56:9

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။

ဆာ​လံ 139:1-2

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​အား ဖုံး​လွှမ်း​ရန် မှောင်​မိုက်​ကို​လည်း​ကောင်း၊ မိ​မိ​၏​ပတ်​လည်​ရှိ​အ​လင်း​ကို​ညဥ့်​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​ရန်​လည်း​ကောင်း​စေ​ခိုင်း​လျှင် ကိုယ်​တော်​၏​အ​တွက်​မှောင်​မိုက်​သည်​ပင်​လျှင် အ​မှောင်​မ​ဟုတ်​ပါ။ ညဥ့်​သည်​လည်း​နေ့​ကဲ့​သို့​ထွန်း​လင်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ဖို့​မှာ​မှောင်​မိုက်​နှင့်​အ​လင်း​သည် အ​တူ​တူ​ပင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​ခင်​၏​ဝမ်း​တွင်​လျှို့​ဝှက်​စွာ ကြီး​ထွား​လာ​ချိန်၊ ကျွန်​တော်​မျိုး​၏​အ​ရိုး​တို့​သည်​ဖြစ်​ပေါ်​လာ​လျက် တစ်​ခု​နှင့်​တစ်​ခု​သေ​ချာ​စွာ​ဆက်​စပ်​ကြ​ချိန်​တို့​၌ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို​သိ​မြင်​တော် မူ​ပါ​၏။ ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​အ​သက်​ရှင်​ရန် လျာ​ထား​တော်​မူ​သော​နေ့​ရက်​အ​ရေ​အ​တွက် တို့​ကို ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​၏​စာ​စောင်​တော်​တွင် ရေး​မှတ်​ထား​တော်​မူ​ပြီး​ဖြစ်​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် ကျွန်​တော်​မျိုး​အ​တွက်​ခက်​ခဲ​နက်​နဲ​လှ​ပါ​၏။ ယင်း​တို့​သည်​များ​ပြား​လှ​ပါ​သည်​တ​ကား။ ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော် ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။ အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။ အို ဘု​ရား​သ​ခင်၊ သူ​ယုတ်​မာ​တို့​အား​ကိုယ်​တော်​ရှင် ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ကျွန်​တော်​မျိုး​ထံ​မှ ထွက်​သွား​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

ဆာ​လံ 40:5

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် များ​စွာ​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​နှင့်​နှိုင်း​ယှဉ်​နိုင်​သူ​တစ်​ယောက် မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​အ​တွက် ကြံ​စည်​သော​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​အ​မှု​အ​ရာ​တို့​သည်​များ​ပြား​လှ​သ​ဖြင့် ယင်း​တို့​ကို​မ​ရေ​မ​တွက်​နိုင်​ပါ။

ဆာ​လံ 86:5

ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ် ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့ အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။

သုတ္တံကျမ်း။ 8:34

ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။

ဆာ​လံ 91:1

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊

မဿဲ 7:7

``တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ ကြ​လော့။ ရှာ​လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို ခေါက်​ကြ​လော့။ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​ပေး လိမ့်​မည်။-

ဆာ​လံ 119:10

ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။

ဆာ​လံ 73:28

သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊ အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။

၁ ပေ 5:7

ကိုယ်​တော်​သည်​သင်​တို့​ကို​အ​လေး​ဂ​ရု​ပြု တော်​မူ​သော​ကြောင့် သင်​တို့​၏​ပူ​ပင်​သော​က ရှိ​သ​မျှ​တို့​ကို​ကိုယ်​တော်​အား​ပုံ​၍​အပ်​နှံ ကြ​လော့။

ဆာ​လံ 119:130

ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို ရှင်း​လင်း​ဖော်​ပြ​မှု​သည်​အ​လင်း​ကို​ပေး​၍ ပ​ညာ​မဲ့​သူ​တို့​ကို​ပ​ညာ​ရ​ရှိ​စေ​ပါ​၏။

ဆာ​လံ 119:58

ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။

ဆာ​လံ 61:1-2

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​နား​ထောင်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက် စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။

ဆာ​လံ 36:5

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

ဆာ​လံ 25:1-2

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ပ​ဋိ​ညာဉ်​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား ကိုယ်​တော်​သည်​မေတ္တာ​နှင့်​လည်း​ကောင်း၊ သစ္စာ​နှင့်​လည်း​ကောင်း​လမ်း​ပြ​ပို့​ဆောင် တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ တို့​သည် မိ​မိ​တို့​လျှောက်​အပ်​သည့်​လမ်း​စဉ်​ကို ကိုယ်​တော်​၏​ထံ​မှ​သင်​ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​စဉ်​ပင်​ကောင်း​စား​ကြ​လျက် သူ​တို့​၏​သား​သ​မီး​များ​သည်​ပြည်​တော် ကို ပိုင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​တော် မူ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တရား တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။ ကယ်​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ခါ​ခပ်​သိမ်း​မျှော်​ကြည့်​၏။ ကိုယ်​တော်​သည်​လည်း​ငါ့​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ကျန်​ရစ်​လျက် အား​အင်​ချိ​နဲ့​၍​နေ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​အ​ပေါင်း​ကို ငြိမ်း​စေ​တော်​မူ​လျက် ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့် ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

ဆာ​လံ 147:11

သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

ဆာ​လံ 104:34

ကိုယ်​တော်​သည်​ငါ့​ကို​ဝမ်း​မြောက်​စေ​တော်​မူ​သည် ဖြစ်​၍ ငါ​ဆို​သော​သီ​ချင်း​ကို​ကိုယ်​တော်​နှစ်​သက် တော်​မူ​ပါ​စေ​သော။

ဟေ​ရှာ​ယ 40:29-31

ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။ အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။ အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

ဆာ​လံ 115:13-14

ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။

ဆာ​လံ 147:3

စိတ်​နှလုံး​ကြေ​ကွဲ​သူ​တို့​ကို​နှစ်​သိမ့်​စေ​တော် မူ​၍ သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပတ်​စည်း တော်​မူ​၏။

ဟေ​ရှာ​ယ 55:6-7

ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။

ဆာ​လံ 29:11

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။ သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။

ဟေ​ရှာ​ယ 49:23

ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

ဆာ​လံ 25:4-5

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။

မဿဲ 5:6

``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။

ဆာ​လံ 107:6

သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။

ဆာ​လံ 16:11

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။

ဆာ​လံ 8:1-2

အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ကမ္ဘာ​တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သည့်​သီ​ချင်း သံ​သည် ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ ယင်း​သီ​ချင်း​ကို​က​လေး​များ​နှင့်​နို့​စို့​သူ​ငယ် များ​က သီ​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ရန်​သူ​များ​၏​ဘေး​မှ ကင်း​လွတ်​လုံ​ခြုံ​ပါ​၏။ ကိုယ်​တော်​အား​ရန်​မူ​သူ​များ​ကို​ဆီး​တား​တော် မူ​ပါ​၏။

ဟေ​ရှာ​ယ 12:2

``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

ဆာ​လံ 139:5

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။

ဟေ​ဗြဲ 13:15

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

ဆာ​လံ 43:4

ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

ဆာ​လံ 81:1

ငါ​တို့​ဘက်​မှ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​ဘု​ရား​သ​ခင်​အား ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​၏​ဘု​ရား​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။

ဆာ​လံ 16:2

``ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ကောင်း​ကျိုး​ချမ်း​သာ ဟူ​သ​မျှ​သည် ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​များ ဖြစ်​ပါ​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ငါ​လျှောက်​ထား​၏။

ဆာ​လံ 119:12

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​မား​ကို​သွန်​သင်​တော်​မူ​ပါ။

ဆာ​လံ 63:1-3

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။ သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ရ​၍ သူ​တို့​၏ ရုပ်​အ​လောင်း​များ​ကို​ဝံ​ပု​လွေ​တို့ စား​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အောင်​ပွဲ ပေး​တော်​မူ​သ​ဖြင့် မင်း​ကြီး​သည်​ဝမ်း​မြောက်​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် သစ္စာ​က​တိ​ပြု​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မု​သား​ကို​သုံး​သော​သူ​တို့​၏ နှုတ်​များ​မူ​ကား​ပိတ်​လျက်​နေ​ရ​လိမ့်​မည်။ သန့်​ရှင်း​ရာ​ဌာ​န​တွင်​ကိုယ်​တော်​ရှင်​အား​ဖူး မြော်​ခွင့်​ကို ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြော်​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် အ​သက်​ထက်​ကောင်း​မြတ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။

ဆာ​လံ 71:14

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။

ဆာ​လံ 25:5

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။

ဆာ​လံ 119:147-148

ကူ​မ​တော်​မူ​ရန်​ကွန်​တော်​မျိုး​သည်​နေ​မ​ထွက်​မီ ကိုယ်​တော်​ရှင်​ကို​ဟစ်​ခေ"​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကတိ​တော်​တို့​ကို​မှော်​ကိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​အောက်​မေ့​ဆင်​ခြင်​ရန် တစ်​ညဥ့်​လုံး​မ​အိပ်​ဘဲ​လဲ​လောင်း​လက်​နေ​ပါ​၏။

ဆာ​လံ 27:4

ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက် ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။

ဆာ​လံ 88:1-2

ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​နေ့​အ​ချိန်​၌​ဟစ်​အော်​၍ ည​အ​ချိန်​၌​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ​သေ​တို့​အ​တွက်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ပါ​သ​လော။ သူ​တို့​သည်​သေ​ရာ​မှ​ထ​၍​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​သ​လော။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို သင်္ချိုင်း​တွင်း​၌​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​ကို ပျက်​စီး​ရာ​ဌာ​န​၌​လည်း​ကောင်း ထုတ်​ဖော်​ပြော​ဆို​ခြင်း​ရှိ​ပါ​သ​လော။ ကိုယ်​တော်​ရှင်​၏​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို ထို​မှောင်​မိုက်​ရာ​အ​ရပ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို မေ့​လျော့​ရာ​အ​ရပ်​၌​လည်း​ကောင်း​သိ​မြင်​ခြင်း ရှိ​ပါ​သ​လော။ အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​ငယ်​စဉ်​က​တည်း​က​ဝေ​ဒ​နာ ခံ​ရ​လျက်​သေ​လု​နီး​ပါး​ဖြစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော အ​ပြစ်​ဒဏ်​ကြီး​လေး​မှု​ကြောင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော်​သည် ကျွန်​တော်​မျိုး​အား​ပြို​လဲ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ကြောက်​မက်​ဖွယ်​သော တိုက်​ခိုက်​မှု​များ​သည်​ကျွန်​တော်​မျိုး​အား ချေ​မှုန်း​စေ​ပါ​၏။ ယင်း​တို့​သည်​မြစ်​ရေ​လျှံ​သ​ကဲ့​သို့​တစ်​နေ့​လုံး ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက်​ရှိ​ပါ​၏။ အ​ဘက်​ဘက်​မှ​နေ​၍​ကျွန်​တော်​မျိုး​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​ပါ​၏။ အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။

ဆာ​လံ 119:97

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​ပါ​၏။ ထို​တ​ရား​တော်​အ​ကြောင်း​ကို​ကွန်​တော်​မျိုး​သည် တစ်​နေ့​လုံး​အောက်​မေ့​ဆင်​ခြင်​လက်​နေ​ပါ​၏။

ဆာ​လံ 118:24

ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍ ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။

သုတ္တံကျမ်း။ 15:8

မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။

ဆာ​လံ 78:34

သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။

ဆာ​လံ 130:5

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကို စောင့်​မျှော်​လျက်​နေ​၏။ ကိုယ်​တော်​၏​က​တိ​တော်​ကို​ယုံ​ကြည်​ကိုး​စား​ပါ​၏။

ဟေ​ရှာ​ယ 26:8

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။

ဆာ​လံ 121:2

ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ပါ​လိမ့်​မည်။

ဆာ​လံ 32:7

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။

ဆာ​လံ 119:114

ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​နှင့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို စောင့်​မှော်​လက်​နေ​ပါ​၏။

ဆာ​လံ 94:19

ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​လျက် သော​က​ရောက်​သော​အ​ခါ​ကိုယ်​တော်​ရှင် သည် ကျွန်​တော်​မျိုး​အား​စိတ်​သက်​သာ​ခွင့်​ကို​ပေး​၍ ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။

ဟေ​ရှာ​ယ 58:10

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။-

ဆာ​လံ 77:1-2

ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ကျယ်​စွာ အော်​ဟစ်​၏။ ငါ​သည်​ကျယ်​စွာ​အော်​ဟစ်​သ​ဖြင့် ကိုယ်​တော်​ကြား​တော်​မူ​၏။ ထို့​နောက်``ဘု​ရား​သ​ခင်​၌​တန်​ခိုး​မ​ရှိ​တော့ သ​ဖြင့် ငါ့​အ​တွက်​အ​နာ​ကြည်း​ဆုံး​ဖြစ်​သည်'' ဟု ငါ​ပြော​ဆို​နေ​မိ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော ထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​တို့​သည် မြင့်​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင်​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကြီး မြတ်​ပါ။ ကိုယ်​တော်​ရှင်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော ဘု​ရား​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ဘုန်း​တန်​ခိုး​တော် တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြ​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သော ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။ မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက် အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက် လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။ မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။

ဆာ​လံ 84:11

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ဘုန်း​ကြီး​တော် မူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​သ​နား​ကြင်​နာ​၍ ချီး​မြှင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​တို့​အား ကောင်း​မြတ်​သည့်​အ​ရာ​များ​ကို​ပေး​ရန်​ငြင်း တော်​မ​မူ။

မဿဲ 26:41

စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။

ဆာ​လံ 25:3

ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန် ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။

ဆာ​လံ 16:3

ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​စောင့်​သော​လူ​စု တော်​သည် ထူး​မြတ်​လှ​ပါ​သည်​တ​ကား။ ငါ​၏​အ​နှစ်​သက်​ဆုံး​အ​ရာ​သည်​ထို​သူ​တို့ နှင့်​အ​တူ နေ​ထိုင်​ခွင့်​ပင်​ဖြစ်​ပါ​၏။

ဆာ​လံ 119:118

ကိုယ်​တော်​ရှင်​သည်​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​သူ အ​ပေါင်း​တို့​အား​ပစ်​ပယ်​တော်​မူ​ပါ​၏။ ထို​သူ​တို့​၏​လိမ်​လည်​လှည့်​စား​သည့်​အ​ကြံ​အ​စည် မား​သည်​အ​ခည်း​နှီး​ဖြစ်​ပါ​၏။

ဟေ​ရှာ​ယ 40:11

ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

ဆာ​လံ 139:7

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။

မဿဲ 6:33

ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

ဆာ​လံ 8:3-4

ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ စီ​မံ​ထား​ရှိ​တော်​မူ​သော လ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။ သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။ လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။

ဆာ​လံ 119:115

အ​ခင်း​အ​ပြစ်​ကူး​သူ​တို့"ငါ့​ထံ​မှ​သွား ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​တို့​ကို ငါ​စောင့်​ထိန်း​မည်။

ဆာ​လံ 119:173

ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ကူ​မ​ရန် အ​စဉ်​အ​သင့်​ရှိ​တော်​မူ​ပါ။

ဆာ​လံ 32:8

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။

ဆာ​လံ 50:15

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သုတ္တံကျမ်း။ 3:6

သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ဆာ​လံ 119:169

အို ထာ​ဝ​ရ​ဘု​ရား" ကူ​မ​တော်​မူ​ရန် ကွန်​တော်​မျိုး​၏​အော်​ဟစ်​တောင်း​လှောက်​သံ​သည် နား​တော်​သို့​ရောက်​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။

ဆာ​လံ 81:10

ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​ခံ​တွင်း​ကို​ဖွင့်​ဟ​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကျွေး​မွေး​မည်။

ဆာ​လံ 51:10

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သန့်​ရှင်း ဖြူ​စင်​အောင် ပြု​ပြင်​တော်​မူ​ပါ။ ကြံ့​ခိုင်​တည်​ကြည်​သော​စိတ်​သ​ဘော​သစ်​ကို ပေး​တော်​မူ​ပါ။

ဆာ​လံ 119:38

ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အား ထား​တော်​မူ​သည့်​က​တိ​တော်​ကို​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား​ခံ​စား​စေ​တော်​မူ​ပါ။

ဆာ​လံ 119:33

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​မြဲ​တ​စေ လိုက်​လှောက်​ပါ​မည်။

ဆာ​လံ 119:20

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။

ဆာ​လံ 119:144

ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အ​စဉ်​အ​မြဲ​ဖြောင့်​မှန်​ပါ​၏။ ကွန်​တော်​မျိုး​အား အ​သိ​ပ​ညာ​ကို​ပေးတော်​မူ​ပါ။ သို့​ပြု​တော်​မူ​လှင် ကွန်​တော်​မျိုး​သည် အ​သက်​ရှင်​ရ​ပါ​လိမ့်​မည်။

ဆာ​လံ 119:159

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကိုအ​ဘယ်​မှ​နှစ်​သက်​မြတ်​နိုး​သည်​ကို သိမှတ်​တော်​မူ​ပါ။ ကိုယ်​တော်​၏​မေတ္တာ​တော်​မ​ပြောင်း​လဲ​သော​ကြောင့် ကွန်​တော်​မျိုး​အား​ကယ်တော်​မူ​ပါ။

ဆာ​လံ 5:12

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ် သူ​တို့​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ​၏။

ဆာ​လံ 119:72

ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​လော​က​ရေ"​ငွေ ရှိ​သ​မှ​ထက်​ပို​၍​အ​ဖိုး​ထိုက်​ပါ​၏။

ဆာ​လံ 119:175

ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။

သုတ္တံကျမ်း။ 3:12

ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။

ဆာ​လံ 145:18

ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါ ပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။

ဆာ​လံ 107:20

ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။

ဖိ​လိပ္ပိ 4:6

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-

ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ